Peace Building Training _DPP

Peace Building Training _DPP
Peace Building Training _DPP

Oct 27, 2019

Peace Building Training _DPP

ငြိမ်းချမ်းရေးတည်ဆောက်ခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းကို အောက်တိုဘာ (၉) နေ့မှ (၁၁) ရက်နေ့အထိ မြစ်ကြီးနားမြို့၊ St. Gabriel ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ သင်တန်းကို ငြိမ်းဖောင်ဒေးရှင်း၏ Durable Peace Program (DPP) က စီစဉ်ကျင်းပခဲ့ပြီး သက်ဆိုင်ရာ စခန်းအသီးသီးတို့တွင် ဦးဆောင်နေကြသော စခန်းတာဝန်ခံများ၊ ခေါင်းဆောင်များ၊ Host Community မှ ငြိမ်းချမ်းရေးအတွက် ပါဝင်လှုပ်ရှားသူများ၊ အမျိုးသမီးများနှင့် လူငယ်များ ပါဝင်တက်ရောက်ခဲ့ကြသည်။

အဆိုပါသင်တန်းကို တက်ရောက်သူများအနေဖြင့် ငြိမ်းချမ်းရေး တည်ဆောက်ခြင်းဆိုင်ရာ သဘောတရားများကို ပိုမိုသိရှိနားလည်၍ ငြိမ်းချမ်းသော လူမှုအသိုက်အဝန်းတစ်ခုကို တည်ဆောက်နိုင်ရန်နှင့် အရည်အသွေး ပြည့်မီသော သင်တန်းဆရာ၊ ဆရာမများ ထွက်ပေါ်လာစေရေးကို ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။