Project Orientation – IYCAP (Kayin)

Project Orientation – IYCAP (Kayin)
Project Orientation – IYCAP (Kayin)

Feb 25, 2020

Project Orientation – IYCAP (Kayin)

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုပေါင်းစုံမှ လူငယ်များ ပူးပေါင်းဆောင်ရွက်ခြင်း (IYCAP) စီမံကိန်း၏ စီမံကိန်း မိတ်ဆက်ခြင်း အစီအစဉ်ကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်၀ါရီလ (၂၄)ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ တော်ဝင်ရတနာဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစီအစဥ်တွင် ကရင်ပြည်နယ် ဘာသာပေါင်းစုံချစ်ကြည် ညီညွတ်ရေးအဖွဲ့ဝင် (၅)ဦး ၊ ငြိမ်းဖောင်ဒေးရှင်း ကရင်ပြည်နယ် အကြံပေးဘုတ်အဖွဲ့ဝင်(၄) ဦး၊ ကရင်ပြည်နယ် အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ကရင်ပြည်နယ် လူငယ်ရေးရာကော်မတီ၊ ကရင်ပြည်နယ် အတွင်းရှိ လူငယ်အဖွဲ့များ ၊ IBP Alumni များ ၊ HRT Alumni များ၊ Active Youth များ စုစုပေါင်း (၆၈) ဦး (အမျိုးသား ၃၉ ဦး ၊ အမျိုးသမီး ၂၉ ဦး) တို့ တတ်ရောက်ခဲ့ပါသည်။

အစီအစဥ်တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့၊ မဲဆမိတ်ကျောင်း ဆရာတော် အရှင်စန္ဒရက အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး ငြိမ်းချမ်းရေးအမှာစကားကို ဆရာတော် ဦးစောလှကြည် (IDG) က ပြောကြားပေးခဲ့ပါသည်။ အားပေးတိုက်တွန်းစကားအား ကရင်ပြည်နယ်ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး ဥက္ကဋ္ဌ ဦးမြတ်စိုးက ပြောကြားပေးခဲ့ပါသည်။ ငြိမ်းဖောင်ဒေးရှင်း ကရင်ပြည်နယ်ရုံးမှ ပြည်နယ်တာဝန်ခံ ဦးစောစိန်ထွေးက ငြိမ်းဖောင်ဒေးရှင်းအကြောင်းအား ရှင်းပြပေးခဲ့ပါသည်။ ထို့နောက်  IYCAP  စီမံကိန်း အကြောင်းအား စီမံကိန်းနယ်မြေ ညှိနှိုင်းရေးမှူး ဒေါ်သူသူထွေးက ရှင်းပြပေးခဲ့ပြီးနောက် တတ်ရောက်လာသူများထံမှ  IYCAP လုပ်ငန်းစဥ်များနှင့်ပတ်သတ်ပြီး အကြံပြုချက်များ ရယူခြင်း အစီအစဥ်ကို IYCAP စီမံကိန်း အရာရှိ ဦးဝင်းကျော်ထွေးက ဦးဆောင်ပြုလုပ်ခဲ့ပါသည်။ထို့ နောက် IBP Alumni  လူငယ်တစ်ဦးဖြစ်သူ စောထူးမြတ်လှိုင်မှ IYCAP လုပ်ငန်းစဥ်များတွင် ပူးပေါင်းပါဝင်ပြီး ရရှိသော အတွေ့အကြုံများအား မျှဝေပေးခဲ့ပြီး အစီအစဥ်အား အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါသည်။

အစီအစဥ်အား IYCAP  စီမံကိန်းအကြောင်းနှင့် လုပ်ဆောင်မည့် လုပ်ငန်းဆောင်တာများကို ရှင်းလင်းတင်ပြရန်၊ ရှေ့ဆက်လုပ်ငန်းစဥ်များနှင့် ပတ်သက်၍ လူငယ်များ၊ ပြည်နယ်ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့၊ ဘာသာရေးခေါင်းဆောင်များနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်နိုင်ရန် ၊  ပြည်နယ်အတွင်းနှင့် ပတ်သက်သော သတင်းအချက်အလက်များကို ဝေမျှနိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် လုပ်ဆောင်ခဲ့ပါသည်။