Quarterly Active Youths Coordination and Networking Meeting

Quarterly Active Youths Coordination and Networking Meeting
Quarterly Active Youths Coordination and Networking Meeting

Oct 16, 2019

Quarterly Active Youths Coordination and Networking Meeting

ငြိမ်းဖောင်ဒေးရှင်း၏ ငြိမ်းချမ်းရေးအတွက် လူငယ်များပြုစုပျိုးထောင်ခြင်းအစီအစဉ် (NYPP)မှ စီမံကိန်းတစ်ခုဖြစ်သော ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုပေါင်းစုံမှ လူငယ်များ ပူးပေါင်းဆောင်ရွက်ခြင်း စီမံကိန်း (IYCAP) ၏ မွန်ပြည်နယ်မှ IYCAP Alumni များ၏ သုံးလပတ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ  ငြိမ်းဖောင်ဒေးရှင်းရုံး၌ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၂) ရက်နေ့ (စနေနေ့) တွင် ကျင်းပပြုလုပ်ခဲ့သည်။

အစီအစဉ်တွင် ယုံကြည်မှုပေါင်းစုံမှ လူငယ် (၃၃) ဦး တက်ရောက်ခဲ့ကြပြီး ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း လူငယ်အစီအစဉ်များ ပြုလုပ်နိုင်ရန်အတွက် အသေးစိတ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြသည်။

အစီအစဉ်အား ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလမှ ဒီဇင်ဘာလအထိ မွန်ပြည်နယ်အတွင်းရှိ ရှေ့လုပ်ငန်းအစီအစဉ်များကို ဆွေးနွေးတိုင်ပင်နိုင်ရန်၊ Alumni လူငယ်များအချင်းချင်း ပြန်လည်တွေ့ဆုံပြီး အသိပညာများနှင့် လတ်တလော လှုပ်ရှားမှုများအား အချင်းချင်း အပြန်အလှန် ဝေမျှခြင်းမှတစ်ဆင့် ယုံကြည်မှုပေါင်းစုံငြိမ်းချမ်းရေး အစီအစဉ်များတွင် ပိုမိုတက်ကြွစွာ ပူးပေါင်းလာနိုင်စေရန် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါအစီအစဉ်ကို IYCAP စီမံကိန်းဝန်ထမ်းများဖြစ်သော ဦးဝင်းကျော်ထွေးနှင့် မိဇင်ဝင်းမွန်တို့ နှစ်ဦးက ဦးဆောင်ပြုလုပ်ကျင်းပခဲ့ပါသည်။