Quarterly Coordination Meeting (1-2020)

Quarterly Coordination Meeting (1-2020)
Quarterly Coordination Meeting (1-2020)

Mar 16, 2020

Quarterly Coordination Meeting (1-2020)

၂၀၂၀ ပြည့်နှစ်၊ ပထမအကြိမ် သုံးလပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (QCM 1-2020) ကို ရန်ကုန်မြို့၊ ပြည်ထောင်စုရိပ်သာလမ်းရှိ Church of Province of Myanmar ၌ ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၁၂-၁၃) ရက်နေ့တို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးကို ဒါရိုက်တာ (မူဝါဒနှင့် မဟာဗျူဟာ) ဆရာမ ဒေါ်ဇက်နန်ရော်က ဦးဆောင်ခဲ့ပြီး အစီအစဉ်များ၊ စီမံကိန်းများ၊ ဌာနနှင့် ဌာနခွဲများအလိုက် လက်ရှိ သုံးလပတ်အတွင်း ဆောင်ရွက်ခဲ့သည့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ အောင်မြင်မှုနှင့် စိန်ခေါ်မှုများအား အသီးသီး တင်ပြဆွေးနွေးခဲ့ကြသည်။ ထို့နောက် လာမည့် သုံးလပတ်အတွင်း ညှိနှိုင်းချိတ်ဆက်ဆောင်ရွက်ရမည့် ကိစ္စရပ်များကို အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။