Quarterly Coordination Meeting (3-2020)

Quarterly Coordination Meeting (3-2020)
Quarterly Coordination Meeting (3-2020)

Sep 19, 2020

Quarterly Coordination Meeting (3-2020)

ငြိမ်းဖောင်ဒေးရှင်း၏ သုံးလတစ်ကြိမ် ပြုလုပ်နေကျ သုံးလပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး (Quarterly Coordination Meeting) ကို ၂၀၂၀ ပြည့်နှစ်၌ တတိယအကြိမ်အဖြစ် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၁၇-၁၈) ရက်တို့တွင် အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးသို့ အလုပ်အမှုဆောင်ကော်မတီဝင်များ၊ အစီအစဉ်နှင့် စီမံကိန်းတာဝန်ရှိသူများ၊ ရုံးမန်နေဂျာများနှင့် ပြည်နယ်တာဝန်ခံများ၊ ဌာနနှင့် ဌာနခွဲ တာဝန်ရှိသူများ ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးတွင် သက်ဆိုင်ရာ တာဝန်ရှိသူ အသီးသီးတို့က လက်ရှိ သုံးလပတ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းအခြေအနေ၊ အောင်မြင်မှု၊ အခက်အခဲများကို တင်ပြခဲ့ကြပြီး လာမည့် သုံးလပတ်အတွင်း အကောင်အထည်ဖော်မည့် လုပ်ငန်းကိစ္စရပ်များအတွက် ညှိနှိုင်း ဆွေးနွေးခဲ့ကြပါသည်။