Quarterly Coordination Meeting (4-2020) – IYCAP (Mon)

Quarterly Coordination Meeting (4-2020) – IYCAP (Mon)
Quarterly Coordination Meeting (4-2020) – IYCAP (Mon)

Dec 14, 2020

Quarterly Coordination Meeting (4-2020) – IYCAP (Mon)

ငြိမ်းဖောင်ဒေးရှင်း၏ “ငြိမ်းချမ်းရေးတည်ဆောက်သူ လူငယ်များ ပြုစုပျိုးထောင်ခြင်း” အစီအစဉ်မှ စီမံကိန်းတစ်ခုဖြစ်သော “ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုပေါင်းစုံမှ လူငယ်များ ပူးပေါင်းဆောင်ခြင်း စီမံကိန်း (IYCAP)” မှ စတုတ္ထအကြိမ်းမြောက် သုံးလပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး (Quarterly Coordination Meeting)” ကို နိုဝင်ဘာလ ၂၅ ရက်၊ နံနက် ၉ နာရီမှ နေ့လယ် ၁၂နာရီအထိ အွန်လိုင်းမှတစ်ဆင့် Zoom Application အသုံးပြုကာ ပြုလုပ်ကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ မွန်ပြည်နယ်မှ IYCAP Alumni လူငယ်များ၊ Active Youth များ တက်ရောက်ခဲ့ပြီး စုစုပေါင်း ၂၃ ဦး ပါဝင်တက်ရောက်ခဲ့ပါသည်။

ဘာသာပေါင်းစုံမှ လူငယ်များ စုပေါင်းပြီး မိမိတို့ သက်ဆိုင်ရာ ယုံကြည်ရာ ဘာသာအလိုက် သတ္တဝါအားလုံးအပေါ်၊ လူသားအားလုံးအပေါ် ရောဂါကပ်ဘေးခံစားနေရသော ကာလဖြစ်သောကြောင့် အားလုံးအဆင်ပြေစေဖို့ရန်အတွက် ဆုတောင်းမေတ္တာပို့ခြင်းဖြင့် အစီအစဉ်ကို စတင်ခဲ့ပါသည်။ ထို့နောက်   တက်ရောက်လာသော လူငယ်များ အချင်းချင်း မိတ်ဆက်ခြင်း၊ စီမံကိန်းနှင့် ပတ်သက်သော အကြောင်းအရာများကို ပြန်လည်ရှင်းလင်းခြင်း၊ လွန်ခဲ့သော သုံးလပတ်အတွင်း လုပ်ဆောင်ပြီးစီးခဲ့သော လုပ်ငန်းစဉ်များအကြောင်းကို ပြန်လည်ဝေငှခြင်း၊ လူငယ်များ မိတ်သဟာယ ဂိမ်းများကစားခြင်း၊ အပြန်လှန်ဆွေးနွေးခြင်း၊ ရှေ့လာမည့် (ဇန်နဝါရီလ၊ ဖေဖော်ဝါရီ၊ မတ်လ) သုံးလပတ်တွင် လုပ်ဆောင်မည့် လုပ်ငန်းစဉ်များအတွက် အုပ်စုဖွဲ့ဆွေးနွေးခြင်း၊ လတ်တလောလုပ်ဆောင်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးခြင်း အစရှိသောအစီအစဉ်များကို ပြုလုပ်ခဲ့ကြပါသည်။

ယင်းနောက် အစီအစဉ်ကို ပြန်လည်းသုံးသပ်ခြင်းနှင့် ကျေးဇူးတင်စကားပြောကြားခြင်းအစီအစဉ်များ ပြုလုပ်၍ အစီအစဉ်အား အဆုံးသတ်ခဲ့ပါသည်။ ဤအစီအစဉ်ကို IYCAP စီမံကိန်းဝန်ထမ်းများဖြစ်သည့် မိဇင်ဝင်းမွန် (Area Coordinator) နှင့် ကိုဝင်းသူအောင် (Assistant Area Coordinator) တို့က ဦးဆောင်၍  ကျင်းပပြုလုပ်ခဲ့ပါသည်။