Quarterly Coordination Meeting (4-2020)- IYCAP (Yangon)

Quarterly Coordination Meeting (4-2020)- IYCAP (Yangon)
Quarterly Coordination Meeting (4-2020)- IYCAP (Yangon)

Nov 5, 2020

Quarterly Coordination Meeting (4-2020)- IYCAP (Yangon)

“ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုပေါင်းစုံမှလူငယ်များ ပူးပေါင်းဆောင်ရွက်ခြင်း (IYCAP) စီမံကိန်း” သည် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၆ ရက်၊ သောကြာနေ့တွင် Zoom Application  ကို အသုံးပြု၍ အွန်လိုင်းမှတစ်ဆင့် ၂၀၂၀ ပြည့်နှစ် စတုတ္ထမြောက် သုံးလပတ် ညှိနှိုင်းအစည်းအဝေး (Quarterly Coordination Meeting) အား ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအစည်းအဝေးကို နံနက် (၁၀) နာရီမှ နေ့လယ် (၁) နာရီအထိ ပြုလုပ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ယုံကြည်မှုပေါင်းစုံမှ လူငယ်များ ပါဝင်တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် ယုံကြည်မှုပေါင်းစုံမှ လူငယ်များက မိမိတို့ ယုံကြည်ကိုးကွယ်ရာ ဘာသာတရားအလိုက် ဆုတောင်းမေတ္တာပို့သမှုများ ပြုလုပ်ခြင်း၊ ယုံကြည်မှုပေါင်းစုံမှ လူငယ်များ တစ်ဦးချင်းအလိုက် မိတ်ဆက်ခြင်း၊ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအထိ လုပ်ဆောင်မည့် အစီအစဉ်များကို ဆွေးနွေးအကြံပြုကြခြင်း၊ လစဉ်ဆောင်ရွက်မည့် လုပ်ငန်း အစီအစဉ်အသေးစိတ်ကို ဆွေးနွေးအတည်ပြုခြင်းနှင့် လူငယ်များစိတ်ပါဝင်စားမှု၊ အချင်းချင်းရင်နှီးမှု ပိုမိုအားကောင်းစေရန် ရည်ရွယ်၍ ဂိမ်းကစားခြင်းတို့ကို လုပ်ဆောင်ခဲ့ကြသည်။

အဆိုပါ သုံးလပတ် ညှိနှိုင်းအစည်းအဝေးသို့ ဗုဒ္ဓဘာသာဝင် အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၅ ဦး၊ ခရစ်ယာန်ဘာသာဝင် အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၃ ဦး၊ စုစုပေါင်း ၂၁ ဦးတို့ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ အစီအစဥ်အား IYCAP စီမံကိန်းဝန်ထမ်းများဖြစ်ကြသော ကိုမျိုးလတ်အောင် (Area Coordinator) နှင့် မမေဖြိုးသူ (Assistant Area Coordinator) တို့က ဦးဆောင်ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။