Jan 21, 2021
ငြိမ်းဖောင်ဒေးရှင်း၏ “ငြိမ်းချမ်းရေးတည်ဆောက်သူလူငယ်များအား ပြုစုပျိုးထောင်ခြင်း” အစီအစဥ်မှ စီမံကိန်းတစ်ခုဖြစ်သော “ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုပေါင်းစုံမှလူငယ်များ ပူးပေါင်းဆောင်ရွက်ခြင်း စီမံကိန်း (IYCAP)” သည် ၂၀၂၁ ခုနှစ်၊ ဇန်န၀ါရီလ (၁၆) ရက်နေ့တွင် Quarterly Coordination Meeting (IYCAP Alumni) အား Zoom Application အသုံးပြုကာ အွန်လိုင်းမှတစ်ဆင့် ပြုလုပ်ကျင်းပခဲ့ပါသည်။ အစီအစဥ်တွင် IYCAP Alumni လူငယ်များ၊ Active Youth များနှင့် အခြားသော အဖွဲ့အစည်းများမှ လူငယ်များ ပါ၀င်ခဲ့ကြသည်။ အစီအစဥ်တွင် အမျိုးသား (၁၄) ဦး၊ အမျိုးသမီး (၁၇) ဦး၊ စုစုပေါင်း (၃၁) ဦး တို့ပါဝင်တက်ရေက်ခဲ့ကြပါသည်။
အစီအစဥ်တွင် ယုံကြည်မှုပေါင်းစုံ လူငယ်များမှ မိမိတို့၏ ယုံကြည်ကိုးကွယ်ရာ ဘာသာတရားအလိုက် မေတ္တာပို့ ဆုတောင်းခြင်း၊ အစီအစဥ် ရည်ရွယ်ချက်နှင့် အစီအစဥ်အကျဥ်းအား ရှင်းပြခြင်း၊ တက်ရောက်သူ လူငယ်များအချင်းချင်း မိတ်ဆက်ခြင်း၊ IYCAP စီမံကိန်း၏ ရှေ့ဆက်လုပ်ဆောင်မည့် အစီအစဥ်များအား ဝေမျှခြင်းနှင့် ဆွေးနွေးခြင်း၊ တက်ကြွလန်းဆန်း အစီအစဥ်များ ပြုလုပ်ခြင်း၊ လူငယ်ရေးရာ ကော်မတီအကြောင်း ဝေမျှခြင်းနှင့် အမေးအဖြေကဏ္ဍ ပြုလုပ်ခြင်း၊ လူငယ်များအချင်းချင်း သတင်းအချက်အလက်များ ဝေမျှခြင်းများပြုလုပ်ခဲ့ကြပြီး မသူသူထွေး (Area Coordinator) က ကျေးဇူးတင်စကားပြောကြားကာ အစီအစဉ်အား အောင်မြင်စွာ ဆောင်ရွက်ခဲ့ပါသည်။
အစီအစဥ်အား ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လ လုပ်ဆောင်မည့် လုပ်ငန်းစဉ်များအား လူငယ်များ အတူတကွ ဆွေးနွေးတိုင်ပင်နိုင်ရန်၊ လူငယ်ရေးရာကော်မတီအကြောင်းအား လူငယ်များ သိရှိနားလည်စေရန်၊ လူငယ်များ သတင်းအချက်အလက် ဝေမျှနိုင်ရန်နှင့် လူငယ်အစီအစဥ်များတွင် ပူးပေါင်းပါဝင်မှု အားကောင်းလာစေရန် အစရှိသော ရည်ရွယ်ချက်များဖြင့် လုပ်ဆောင်ခဲ့ပါသည်။ ဤအစီအစဥ်အား ငြိမ်းဖောင်ဒေးရှင်း IYCAP (ကရင်ပြည်နယ်) စီမံကိန်းဝန်ထမ်းများဖြစ်သော မသူသူထွေး (Area Coordinator) နှင့် နော်မုရယ်ဖဲ (Assistant Area Coordinator) တို့က ဦးဆောင်ပံ့ပိုးပေးခဲ့ပါသည်။