Quarterly Coordination Meeting – IYCAP (Bago)

Quarterly Coordination Meeting – IYCAP (Bago)
Quarterly Coordination Meeting – IYCAP (Bago)

Oct 6, 2020

Quarterly Coordination Meeting – IYCAP (Bago)

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုပေါင်းစုံမှ လူငယ်များ ပူးပေါင်းဆောင်ရွက်ခြင်း စီမံကိန်း (IYCAP) ၏ အစီအစဥ်တစ်ခုဖြစ်သော သုံးလပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး (Quarterly Coordination Meeting) အား ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၂၇) ရက်၊ တနင်္ဂနွေနေ့တွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ IYCAP Alumni/Active Youth များ၏ နေအိမ်မှနေ၍ အွန်လိုင်းမှတစ်ဆင့် နံနက် ၉ နာရီခွမှ နေ့လယ် ၁၂ နာရီခွဲအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အွန်လိုင်းအစည်းအဝေးသို့ IYCAP Alumni/Active Youth များနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ အမျိုးသား (၁၆) ဦး၊ အမျိုးသမီး (၁၀) ဦး၊ စုစုပေါင်း (၂၆) ဦးတို့ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် IYCAP စီမံကိန်းမှ Alumni/Active Youth များပါဝင်၍ ယုံကြည်မှုပေါင်းစုံ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များအား ပဲခူးတိုင်းဒေသကြီးအတွင်း ပြုလုပ်ရန်အတွက် ရည်ရွယ်ချက်များ ဖော်ထုတ်ခြင်း၊ အစီအစဥ်များ ရေးဆွဲခြင်းတို့ကို လုပ်ဆောင်ခဲ့ပါသည်။ အစည်းအဝေးမစတင်မီ IYCAP Alumni/Active Youth လူငယ်များ စွမ်းရည်မြှင့်တင်ခြင်းအတွက် Self-Acceptant ခေါင်းစဥ်အား လေ့လာမှုကို ပြုလုပ်ခဲ့သည်။ လုပ်ငန်းအစီအစဥ်များ ရေးဆွဲရာတွင် ယုံကြည်မှုပေါင်းစုံငြိမ်းချမ်းရေး သတင်းစကား ပြန့်ပွားလာစေရန် လုပ်ဆောင်ခြင်းနှင့် ငြိမ်းချမ်းရေးအသိပညာများအား မြေပြင်တွင် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အသေးစိတ်ဆွေးနွေးခဲ့ကြသည်။

COVID-19 ကာလအတွင်း အစီအစဥ်များ ပြောင်းလဲလုပ်ဆောင်ခြင်းနှင့် အသစ်သောအရာများကို တီထွင်ဖန်တီးလုပ်ဆောင်နိုင်ရန် ဆွေးနွေးဖော်ထုတ်ခဲ့ကြပါသည်။ လုပ်ငန်းအစီအစဥ်များ ဆွေးနွေးမှုတွင် ဘာသာတရား သက်ဝင်ယုံကြည်သူများအကြား ဘာသာတရားများ၏ တန်ဖိုးထားမှု၊ ယဉ်ကျေးမှုများ၊ သွန်သင်ဆုံးမချက်များအား လေ့လာရန် ဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။ ဤအစည်းအဝေးကို IYCAP စီမံကိန်း ဝန်ထမ်းများဖြစ်သော ကိုရဲလင်းထွန်း (Area Coordinator)၊ မခွါညိုသင်း (Assistant Area Coordinator) တို့က ဦးဆောင်ကျင်းပခဲ့ပါသည်။