Quarterly Coordination Meeting – IYCAP (Kayin)

Quarterly Coordination Meeting – IYCAP (Kayin)
Quarterly Coordination Meeting – IYCAP (Kayin)

Oct 12, 2020

Quarterly Coordination Meeting – IYCAP (Kayin)

ငြိမ်းဖောင်ဒေးရှင်း၏ “ငြိမ်းချမ်းရေးတည်ဆောက်သူ လူငယ်များအား ပြုစုပျိုးထောင်ခြင်း” အစီအစဥ်မှ စီမံကိန်းတစ်ခုဖြစ်သော “ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုပေါင်းစုံမှ လူငယ်များ ပူးပေါင်းဆောင်ရွက်ခြင်း စီမံကိန်း (IYCAP)” သည် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၉) ရက်တွင် ကရင်ပြည်နယ်အတွင်းရှိ IYCAP IBP/HRT Alumni နှင့် Active Youth များပါဝင်၍ ၃ လ ပတ် အစည်းအဝေးကို Zoom Application အား အသုံးပြု၍ အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအစည်းအဝေးသို့ ကျား (၁၇) ဦး၊ မ (၁၉ ) ဦး၊ စုစုပေါင်း (၃၆) ဦး ပါဝင်တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် ယုံကြည်မှုပေါင်းစုံမှ လူငယ်များက မြန်မာနိုင်ငံ ငြိမ်းချမ်းစေရန်နှင့် COVID-19 ကပ်ရောဂါကာလအတွင်း ရောဂါဝေဒနာခံစားနေရသူများနှင့် ကူညီဖေးမသူများအတွက် မိမိကိုးကွယ်ယုံကြည်ရာ ဘာသာအလိုက် မေတ္တာပို့ ဆုတောင်ခဲ့ကြပါသည်။ ထို့နောက် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလမှ ဒီဇင်ဘာလအထိ ၃ လအတွင်း လုပ်ဆောင်မည့် လုပ်ငန်းအစီအစဥ်များအား တိုင်ပင်ခြင်း၊ မဲပေးခြင်းဆိုင်ရာ အသိပညာ၀ေမျှခြင်း၊ လူငယ်များအချင်းချင်း မိမိတို့သိရှိထားသော သိသင့်သိထိုက်သည့် အသိပညာတိုးပွားစေမည့် အချက်အလက်များ ၀ေမျှခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးကို ငြိမ်းဖောင်ဒေးရှင်းမှ IYCAP စီမံကိန်းဝန်ထမ်းများဖြစ်ကြသော မသူသူထွေး (Area Coordinator – ကရင်ပြည်နယ်) နှင့် နော်မုရယ်ဖဲ (Assistant Area Coordinator – ကရင်ပြည်နယ်) တို့က ဦးဆောင်ပံ့ပိုးကာ ဆောင်ရွက်ခဲ့ပါသည်။