Quarterly Coordination Meeting – IYCAP (Kayin)

Quarterly Coordination Meeting – IYCAP (Kayin)
Quarterly Coordination Meeting – IYCAP (Kayin)

Jun 6, 2020

Quarterly Coordination Meeting – IYCAP (Kayin)

“ငြိမ်းဖောင်ဒေးရှင်း  ငြိမ်းချမ်းရေးတည်ဆောက်သူ လူငယ်များ ပြုစုပျိုးထောင်ခြင်း အစီအစဥ်” ၏ စီမံကိန်းတစ်ခုဖြစ်သော “ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုပေါင်းစုံမှ လူငယ်များ ပူးပေါင်းဆောင်ရွက်ခြင်း စီမံကိန်း (IYCAP)” မှ  Alumni များ၊  ကွန်ရက်အဖွဲ့အစည်းများမှ လူငယ်များ ပါဝင်ပြီး ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းစဥ်များအား သုံးလ တစ်ကြိမ် တိုင်ပင်ဆွေးနွေးမှုများပြုနိုင်ရန် သုံးလပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး (Quarterly Coordination Meeting) တစ်ရပ်အား  ၂၀၂၀ ပြည့်နှစ်၊ မေလ (၂၇) ရက်နေ့ (ဗုဒ္ဓဟူးနေ့) တွင် Online  မှတစ်ဆင့် Zoom Application အား အသုံးပြုကာ ဆောင်ရွက်ခဲ့ပါသည်။

အစည်းအဝေးတွင် ယုံကြည်မှုပေါင်းစုံမှ လူငယ်များ အပြန်အလှန် ဆုတောင်းမေတ္တာပို့မှုပြုလုပ်ခြင်း၊ လူမှုအကျိုးပြုမှုလုပ်ငန်းများတွင် အတူတကွပါဝင် လုပ်ဆောင်နိုင်ရန်အတွက် သတင်းအချက်အလက်များ မျှဝေခြင်း၊ လက်ရှိတွင် လူငယ်များ မိမိတို့ စိတ်ပါဝင်စားရာ လေ့လာသင်ယူနေမှုများအား အချင်းချင်းမျှဝေခြင်း၊ COVID–19 နှင့်ပတ်သက်၍ ပြည်နယ်တွင်း လက်ရှိအခြေအနေများ၊ COVID-19 ကာကွယ်ရေးနှင့်ပတ်သက်ပြီး လူငယ်များ၏ လှုပ်ရှားဆောင်ရွက်မှု အခြေအနေများကို အပြန်အလှန် ဝေမျှခြင်းများ ပြုလုပ်ခဲ့ပါသည်။ ဤအစီအစဉ်တွင် အမျိုးသား (၉) ဦး၊ အမျိုးသမီး (၁၆) ဦး တို့ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။