Quarterly Coordination Meeting – IYCAP (Yangon)

Quarterly Coordination Meeting – IYCAP (Yangon)
Quarterly Coordination Meeting – IYCAP (Yangon)

Sep 4, 2020

Quarterly Coordination Meeting – IYCAP (Yangon)

ငြိမ်းဖောင်ဒေးရှင်း၏ “ငြိမ်းချမ်းရေးတည်ဆောက်သူ လူငယ်များအား ပြုစုပျိုးထောင်ခြင်း” အစီအစဉ်မှ စီမံကိန်းတစ်ခုဖြစ်သော “ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုပေါင်းစုံမှ လူငယ်များ ပူးပေါင်းဆောင်ရွက်ခြင်းစီမံကိန်း (IYCAP)”သည် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၉ ရက် (စနေနေ့) တွင် ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်ရှိ CBCM (Catholic Bishop Conference of Myanmar) Blue Hall တွင် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလမှ ဒီဇင်ဘာလအထိ လုပ်ဆောင်မည့် လုပ်ငန်းအစီအစဉ်များအား ညှိနှိုင်းဆွေးနွေးရန် သုံးလပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယုံကြည်မှုပေါင်းစုံမှ လူငယ်များနှင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးကို ယုံကြည်မှုပေါင်းစုံမှလူငယ်များမှ ကိုးကွယ်ယုံကြည်မှုအလိုက် ဆုတောင်ခြင်းများ ပြုလုပ်ခြင်းဖြင့် စတင်ခဲ့ပြီး၊ ယုံကြည်မှုပေါင်းစုံမှလူငယ်များမှ တစ်ဦးချင်းမိတ်ဆက်ခြင်း၊ စီမံကိန်းမန်နေဂျာမှ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်မှုများ၊ စီမံကိန်း၏ ပန်းတိုင်နှင့် ရည်မှန်းချက်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလမှ ဒီဇင်ဘာလအထိ လုပ်ဆောင်မည့် အစီအစဉ်များအား အသေးစိတ် ဆွေးနွေးနိုင်ခဲ့ကြပြီး ယုံကြည်မှုပေါင်းစုံမှလူငယ်များ စိတ်ခွန်အားများ ရရှိစေရန် “အားတင်းထား ရန်ကုန်” သီချင်းအား သီဆိုခဲ့ကြသည်။ ယခုအစည်းအဝေးကို ဦးမျိုးလတ်အောင် (Area Coordinator) နှင့် ဒေါ်မေဖြိုးသူ (Assistant Area Coordinator) တို့က ဦးဆောင်ပြုလုပ် ကျင်းပခဲ့ကြပါသည်။