Dec 12, 2020
ငြိမ်းဖောင်ဒေးရှင်း၏ သုံးလတစ်ကြိမ် ပုံမှန်ပြုလုပ်လျက်ရှိသည့် သုံးလပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး (Quarterly Coordination Meeting) ကို ၂၀၂၀ ပြည့်နှစ်တွင် စတုတ္ထအကြိမ်အဖြစ် ဒီဇင်ဘာလ (၁၀-၁၁) ရက်နေ့တို့တွင် ၂ ရက်တာ အွန်လိုင်းမှတစ်ဆင့် Zoom Application ကို အသုံးပြုကာ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ ငြိမ်းဖောင်ဒေးရှင်းမှ အလုပ်အမှုဆောင်ကော်မတီဝင်များ၊ အစီအစဉ်နှင့် စီမံကိန်းတာဝန်ရှိသူများ၊ ရုံးမန်နေဂျာများနှင့် ပြည်နယ်တာဝန်ခံများ၊ ဌာနနှင့် ဌာနခွဲ တာဝန်ရှိသူများ ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးတွင် လက်ရှိ သုံးလပတ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းအခြေအနေများ၊ အောင်မြင်မှုများ၊ စိန်ခေါ်မှုများနှင့် ကျော်လွှားနိုင်ခဲ့သည့် အခက်အခဲများကို သက်ဆိုင်ရာ တာဝန်ရှိသူ အသီးသီးတို့က ဆွေးနွေးတင်ပြခဲ့ကြပြီး လာမည့် သုံးလပတ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းကိစ္စရပ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများက ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ရမည့် အစီအစဉ်၊ စီမံကိန်း၊ ဌာန၊ ဌာနခွဲများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။