Religious Exposure Activity (Christmas) – IYCAP (Kayin)

Religious Exposure Activity (Christmas) – IYCAP (Kayin)
Religious Exposure Activity (Christmas) – IYCAP (Kayin)

Dec 22, 2020

Religious Exposure Activity (Christmas) – IYCAP (Kayin)

ငြိမ်းဖောင်ဒေးရှင်း၏ “ငြိမ်းချမ်းရေးတည်ဆောက်သူ လူငယ်များ ပြုစုပျိုးထောင်ခြင်း” အစီအစဥ်မှ စီမံကိန်းတစ်ခုဖြစ်သော “ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုပေါင်းစုံမှ လူငယ်များ ပူးပေါင်းဆောင်ရွက်ခြင်း စီမံကိန်း (IYCAP)” သည် ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၂၁) ရက်တွင် Religious Exposure Activity (Christmas Festival) အား ငြိမ်းဖောင်ဒေးရှင်း၊ ကရင်ပြည်နယ်ရုံး၌ ကျင်းပပြုလုပ်ခဲ့ပြီး အစီအစဉ်သို့ Zoom Application ကို အသုံးပြုကာ အွန်လိုင်းမှတစ်ဆင့်လည်း ပါဝင်နိုင်ရန် ပြုလုပ်ခဲ့ပါသည်။

အစီအစဥ်အား ငြိမ်းဖောင်ဒေးရှင်း (ကရင်ပြည်နယ်ရုံး) မှ ဝန်ထမ်းများ၊ ခရစ်ယာန် (ရိုမန်ကက်သလစ်) ဘာသာမှ ဘုန်းတော်ကြီးနှင့် ပြည်နယ်အကြံပေးအဖွဲ့ဝင်များ၊ IYCAP Alumni လူငယ်များနှင့် Active Youth များ၊ အခြားစိတ်ဝင်စားသူ လူငယ်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။  

အစီအစဥ်တွင် ယုံကြည်မှုပေါင်းစုံ လူငယ်များမှ မိမိတို့ယုံကြည်ကိုးကွယ်ရာ ဘာသာအလိုက် ဆုတောင်းမေတ္တာပို့သခြင်းဖြင့် အစီအစဉ်ကို စတင်ခဲ့ပါသည်။ ထို့နောက် အစီအစဥ်ရည်ရွယ်ချက်နှင့် အစီအစဥ်အကျဥ်းအားပြောပြခြင်းနှင့် တက်ရောက်သူများ အချင်းချင်းမိတ်ဆက်ခြင်း အစီအစဥ်များဆောင်ရွက်ခဲ့ပါသည်။

အစီအစဥ်တွင် ခရစ္စမတ်ပွဲတော်အကြောင်းအား ခရစ်ယာန်ဘုန်းတော်ကြီး Father နေကော်ထူးက ဝေမျှပြောကြားခြင်း၊ ယုံကြည်မှုပေါင်းစုံလူငယ်များမှ သိရှိလိုသည်များကို မေးမြန်းခြင်းနှင့် ပြန်လည်ဖြေကြားခြင်း အစီအစဉ်များပြုလုပ်ပြီး ခရစ္မမတ် တေးသီချင်းအား အတူတကွ သီဆိုခဲ့ကြပါသည်။ ခရစ်ယာန်ဘုန်းတော်ကြီးက ခရစ္မမတ်ကိတ်ကို ခွဲပြီးနောက် ခရစ္စမတ် အထူးဆုတောင်းပေးခဲ့ပါသည်။

ဤအစီအစဥ်အား ခရစ္စမတ်ပွဲတော်တွင် ယုံကြည်မှုပေါင်းစုံမှ လူငယ်များ ပါ၀င်ဆင်နွှဲနိုင်ရန်၊ ယုံကြည်မှုပေါင်းစုံလူငယ်များမှ ခရစ္စမတ်ပွဲတော်နှင့် ပတ်သက်သော အကြောင်းအရာများအား လေ့လာသိရှိနိုင်စေရန်၊ ပြည်နယ်ရုံးမှ ဝန်ထမ်းများအချင်းချင်း ရင်းနှီးမှု ပိုမိုရရှိစေရန်နှင့် လုပ်ငန်း အကောင်အထည်ဖော်မှုများအား လေ့လာသိရှိစေရန် အစရှိသော ရည်ရွယ်ချက်များဖြင့် ကျင်းပလုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။ အစီအစဥ်အား  ကရင်ပြည်နယ်မှ IYCAP စီမံကိန်းဝန်ထမ်းများဖြစ်သော မသူသူထွေး (Area Coordinator) နှင့် နော်မုရယ်ဖဲ (Assistant Area Coordinator) တို့က ဦးဆောင်ပံ့ပိုးပေးခဲ့ပါသည်။