Religious Exposure Activity – IYCAP (Bago)

Religious Exposure Activity – IYCAP (Bago)
Religious Exposure Activity – IYCAP (Bago)

Oct 6, 2020

Religious Exposure Activity – IYCAP (Bago)

ငြိမ်းဖောင်ဒေးရှင်း၏ ငြိမ်းချမ်ရေးတည်ဆောက်သူ လူငယ်များ ပြုစုပျိုးထောင်ခြင်း အစီအစဥ်မှ စီမံကိန်းတစ်ခုဖြစ်သော ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုပေါင်းစုံမှ လူငယ်များ ပူးပေါင်းဆောင်ရွက်ခြင်း စီမံကိန်း (IYCAP) ၏ အစီအစဥ်တစ်ခုဖြစ်သော ခရစ်ယာန်ဘာသာတရား လေ့လာမှု အစီအစဥ် (Religious Exposure Activity) အား ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၂၆) ရက် (စနေနေ့) တွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ IYCAP alumni/Active youth များ ၎င်းတို့နေအိမ်မှနေ၍ Zoom Meeting ဖြင့် နံနက် ၉ နာရီခွဲမှ နေ့လယ် ၁၂  နာရီခွဲအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစီအစဥ်တွင် ပဲခူးတိုင်းအတွင်းမှ IYCAP Alumni/Active youth များနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ အမျိုးသား(၁၄) ဦး အမျိုးသမီး (၇) ဦး စုစုပေါင်း (၂၁) ဦး တက်ရောက်ခဲ့ကြပါသည်။

အစီအစဥ်တွင် IYCAP စီမံကိန်းမှ Alumni/Active Youth များ ပါဝင်၍ ခရစ်ယာန်ဘာသာတရား၏ ယုံကြည်ခြင်း၊ သွန်သင်ဆုံးမမှုများအား သိက္ခာတော်ရ ဆရာအောင်သူရကျော်က ဆွေးနွေးခဲ့ပါသည်။ သိက္ခာတော်ရ ဆရာအောင်သူရကျော် ဆွေးနွေးမှုအပြီးတွင် လူငယ်များမှ ခရစ်ယာန်ဘာသာတရားနှင့်စပ်လျဥ်း၍ မေးခွန်းများ မေးမြန်းခဲ့ကြပြီး သိက္ခာတော်ရ ဆရာအောင်သူရကျော်က ဦးဆောင်ဆွေးနွေး ဖြေကြားပေးခဲ့ပါသည်။ အစီအစဥ်တွင် လူငယ်များ တက်ကြွစွာ ပါဝင်ဆွေးနွေးခဲ့ကြပြီး ခရစ်ယာန်ဘာသာတရားနှင့် ပတ်သတ်သော လူမှုဝန်းကျင်အတွင်း နားလည်မှုလွဲမှားနေသော အကြောင်းအရာများကို ဆွေးနွေးနိုင်ခဲ့သည့်အပြင် စုံလင်ကွဲပြားသော ယုံကြည်မှုများမှ လူငယ်များအကြား အပြန်အလှန် နားလည်မှု၊ လေးစားမှုများ တည်ဆောက်နိုင်ခဲ့ပါသည်။

နောက်ဆုံးတွင် အစီအစဥ်ပြန်လည်သုံးသပ်ခြင်းများပြုလုပ်၍ ခရစ်ယာန်ဘာသာ လေ့လာခြင်းအစီအစဥ်အား ပြီးဆုံးခဲ့ပါသည်။ အစီအစဥ်အား IYCAP စီမံကိန်းဝန်ထမ်းများဖြစ်သော ကိုရဲလင်းထွန်း (Area Coordinator)၊ မခွါညိုသင်း (Assistant Area Coordinator)တို့က ဦးဆောင်ကျင်းပခဲ့ပါသည်။