Religious Exposure Activity – IYCAP (Kayin)

Religious Exposure Activity – IYCAP (Kayin)
Religious Exposure Activity – IYCAP (Kayin)

Jan 21, 2021

Religious Exposure Activity – IYCAP (Kayin)

ငြိမ်းဖောင်ဒေးရှင်း၏ “ငြိမ်းချမ်းရေးတည်ဆောက်သူလူငယ်များ ပြုစုပျိုးထောင်ခြင်း” အစီအစဥ်မှ စီမံကိန်းတစ်ခုဖြစ်သော “ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုပေါင်းစုံမှ လူငယ်များ ပူးပေါင်းဆောင်ရွက်ခြင်း စီမံကိန်း (IYCAP)” သည် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၈) ရက်တွင် Religious Exposure Activity အဖြစ် ဟိန္ဒူဘာသာတရားအကြောင်း မျှဝေခြင်းအစီအစဥ်အား Zoom Application အသုံးပြုကာ အွန်လိုင်းမှတစ်ဆင့် ပြုလုပ်ကျင်းပခဲ့ပါသည်။ အစီအစဥ်တွင် IYCAP Alumni လူငယ်များ၊ Active Youth နှင့် အခြားသော အဖွဲ့အစည်းများမှ လူငယ်များ အမျိုးသား (၁၀) ဦး၊ အမျိုးသမီး (၁၇) ဦး၊ စုစုပေါင်း (၂၇) ဦး ပါဝင်တက်ရောက်ခဲ့ကြပါသည်။

အစီအစဥ်တွင် ယုံကြည်မှုပေါင်းစုံ လူငယ်များမှ မိမိတို့၏ ယုံကြည်ကိုးကွယ်ရာ ဘာသာတရားအလိုက် မေတ္တာပို့ ဆုတောင်းခြင်း၊ အစီအစဥ် ရည်ရွယ်ချက်နှင့် အစီအစဥ်အကျဥ်းအား ရှင်းပြခြင်း၊ တက်ရောက်သူ လူငယ်အချင်းချင်းမိတ်ဆက်ခြင်း၊ ဝေမျှမည့် ဟိန္ဒူဘာသာမှ ဆရာနှင့် မိတ်ဆက်ပေးခြင်း၊ ဟိန္ဒူဘာသာ၏ အဓိက ယုံကြည်ချက်နှင့် တန်ဖိုးထားမှုများအား မျှဝေခြင်းနှင့် အမေးအဖြေကဏ္ဍများပြုလုပ်ခဲ့ကြပြီး ကျေးဇူးတင်စကားပြောကြားကာ အစီအစဉ်အား အဆုံးသတ်ခဲ့ကြသည်။

အစီအစဥ်အား လူငယ်များမှ သိရှိထားသော အခြားဘာသာတစ်ခု၏ အကြောင်းအရာများကို လေ့လာလိုသော အချက်များအား  ဆရာတော်များနှင့် ချဥ်းကပ်ကာ မေးမြန်းသိရှိခွင့်ရရှိလာပြီး အခြားဘာသာတရားများအကြောင်းကို ပိုမိုသိရှိနားလည်လာနိုင်စေရန်၊ ဘာသာတရားများ၏ တန်ဖိုးထားမှုနှင့် ရိုးရာအလေ့အထများအကြောင်းအား သိရှိလာကြကာ အချင်းချင်း ပူးပေါင်းဆောင်ရွက်ရာတွင် အပြန်အလှန်နားလည်မှု ပိုမိုအားကောင်းလာစေရန်၊ ဟိန္ဒူဘာသာရေးအကြောင်းအား လေ့လာသိရှိလာကာ ကွန်ရက်ချိတ်ဆက်မှု အားကောင်းလာပြီး ဟိန္ဒူလူငယ်များ ပူးပေါင်းပါဝင်လာနိုင်စေရန် အစရှိသော ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခဲခြင်းဖြစ်ပါသည်။ ဤအစီအစဥ်အား  ငြိမ်းဖောင်ဒေးရှင်း IYCAP စီမံကိန်း (ကရင်ပြည်နယ်) မှ ဝန်ထမ်းများဖြစ်ကြသော မသူသူထွေး (Area Coordinator) နှင့် နော်မုရယ်ဖဲ (Assistant Area Coordinator) တို့က ဦးဆောင်ပံ့ပိုးပေးခဲ့ပါသည်။