Religious Exposure Activity – IYCAP (Mon)

Religious Exposure Activity – IYCAP (Mon)
Religious Exposure Activity – IYCAP (Mon)

Dec 14, 2020

Religious Exposure Activity – IYCAP (Mon)

ငြိမ်းဖောင်ဒေးရှင်း၏ “ငြိမ်းချမ်းရေးတည်ဆောက်သူ လူငယ်များ ပြုစုပျိုးထောင်ခြင်း” အစီအစဉ်မှ စီမံကိန်းတစ်ခုဖြစ်သော “ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုပေါင်းစုံမှ လူငယ်များ ပူးပေါင်းဆောင်ရွက်ခြင်း စီမံကိန်း (IYCAP)” သည် “Religious Exposure Activity/Religious Festival Activity” ကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၂၉) ရက်နှင့် (၃၀) ရက်တို့တွင် ပြုလုပ်ခဲ့ပါသည်။ အစီအစဉ်အား မွန်ပြည်နယ်၊ ရေးမြို့တွင် ပြုလုပ်ကျင်းပခဲ့ပြီး ရေးမြို့နယ်အတွင်းရှိ  IYCAP Alumni နှင့် Active Youth လူငယ် (၂၁) ဦးနှင့်အတူ ငြိမ်းဖောင်ဒေးရှင်း မွန်ပြည်နယ်အကြံပေးအဖွဲ့မှ ဦးအောင်သန်းလွင်၊ မွန်ပြည်နယ်ရုံးတာဝန်ခံဟောင်း ဦးမင်းအောင်ထူးတို့လည်း ပါဝင်တက်ရောက်ခဲ့ကြပါသည်။

ကပ်ရောဂါကာလတွင် လူသားအားလုံး အဆင်ပြေချောမွေ့စွာ အသက်ရှင်သန်နေထိုင်နိုင်ရန်နှင့် ကပ်ရောဂါကာလမှ အမြန်ဆုံးကျော်လွန်နိုင်စေရန် ရည်ရွယ်၍ ယုံကြည်မှုပေါင်းစုံမှလူငယ်များသည် မိမိတို့ ယုံကြည်ရာဘာသာတရားအလိုက် ဆုတောင်း၍ အစီအစဉ်ကို စတင်ခဲ့သည်။

ထို့နောက် အစီအစဉ်ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် ပြည်နယ်ရုံးခွဲတာဝန်ခံ ဦးမင်းအောင်ထူးက လူငယ်များအတွက် ခွန်အားရှိစေရန်အတွက် အားပေးစကား ပြောကြားပေးခဲ့ပါသည်။ ဆက်လက်ပြီး တန်ဆောင်တိုင်မီးထွန်းပွဲတော် ဖြစ်ပေါ်လာသည့် နောက်ခံသမိုင်းကြောင်းနှင့် မီးထွန်းပွဲတော် ပြုလုပ်ရသည့် အကြောင်းတို့ကို ဆရာဦးလွင်က မျှဝေခဲ့ပြီး လူငယ်များမှ သိရှိလိုသော အကြောင်းအရာများကို ဖြေကြားပေးခဲ့ပြီး အစီအစဉ် ပထမပိုင်းကို ပြုလုပ်ခဲ့ပါသည်။

အစီအစဉ် ဒုတိယပိုင်းအနေဖြင့် ညပိုင်းတွင် ရေးမြို့ရှိ ရွှေဆံတော်ဘုရားတွင် ဆီးမီးများ ထွန်းညှိပူဇော်ခြင်း၊ IYCAP စာလုံးများ ပုံဖော်ခြင်းနှင့် မီးပုံးပျံလွှတ်တင်ခြင်းတို့ကို ပျော်ရွှင်စွာ ပြုလုပ်ခဲ့ကြပါသည်။

အစီအစဉ်၏ တတိယပိုင်းအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ၊ (၃၀) ရက်၊ နံနက်ပိုင်းတွင် IYCAP Alumni လူငယ်များ စုပေါင်းပြီး အမှိုက်ကောက်ခြင်း၊ သန့်ရှင်းရေးပြုလုပ်ခြင်း အစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။

ထို့နောက်တွင် မြို့ပေါ်ရှိရပ်ကွက်များ၊ ရေးမြို့ ရေလယ်ဘုရား ကမ်းနားနှင့် ရေးမြို့ ဆေးရုံတို့တွင် စုစုပေါင်း အမှိုက်ပုံး (၂၀) ကို စုပေါင်းလှူဒါန်းမှုများ ပြုလုပ်ခဲ့ကြပါသည်။ ဤအစီအစဉ်ကို IYCAP စီမံကိန်းမှ မိဇင်ဝင်းမွန် (Area Coordinator) နှင့် ရေးမြို့ရှိ IYCAP Alumni များ တက်ကြွစွာ ပါဝင်ခဲ့ကြပါသည်။