Religious Exposure Activity – IYCAP (Yangon)

Religious Exposure Activity – IYCAP (Yangon)
Religious Exposure Activity – IYCAP (Yangon)

Nov 21, 2020

Religious Exposure Activity – IYCAP (Yangon)

ငြိမ်းဖောင်ဒေးရှင်း၏ “ငြိမ်းချမ်းရေးတည်ဆောက်သူ လူငယ်များအား ပြုစုပျိုးထောင်ခြင်း” အစီအစဉ်မှ စီမံကိန်းတစ်ခုဖြစ်သော “ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုပေါင်းစုံမှ လူငယ်များ ပူးပေါင်းဆောင်ရွက်ခြင်း (IYCAP) စီမံကိန်း” သည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၄ ရက်၊ စနေနေ့ နံနက် ၉း၃၀ နာရီမှ နေ့လယ် ၁၂း၃၀ နာရီအထိ  Zoom Application  ကို အသုံးပြု၍ ဘာသာတရားအကြောင်းလေ့လာခြင်း အစီအစဉ်ကို ယုံကြည်မှုပေါင်းစုံမှ လူငယ်များနှင့် ပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးကို ယုံကြည်မှုပေါင်းစုံမှ လူငယ်များ တစ်ဦးချင်းမိတ်ဆက်ခြင်းအစီအစဉ်ဖြင့် စတင်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးမှ IYCAP စီမံကိန်း Area Coordinator က အစီအစဉ်တွင် မျှဝေပေးမည့် ဆရာလင်းထက်ဆွေ၏ ကိုယ်ရေးအကျဉ်း မိတ်ဆက်ခြင်းကို ပြုလုပ်ခဲ့ပါသည်။ အစီအစဉ်တွင် ပါဝင်တက်ရောက်ခဲ့ကြသော ယုံကြည်မှုပေါင်းစုံမှ လူငယ်များအား ဆရာလင်းထက်ဆွေမှ မဟာယနဗုဒ္ဓဘာသာ အကြောင်းကို မျှဝေပေးခဲ့ပြီးနောက် အမေးအဖြေကဏ္ဍအနေဖြင့် တက်ရောက်သူ လူငယ်များက သိလိုသည်များကို မေးမြန်းခဲ့ကြပါသည်။ ဤအစီအစဉ် ပြုလုပ်ကျင်းပခြင်းအားဖြင့် IYCAP Alumni/Active Youths များအနေဖြင့်  မဟာယနဗုဒ္ဓဘာသာ အကြောင်းနှင့် ပတ်သက်သော ဗဟုသုတများ ရရှိခဲ့ကြသည်။  

ယခုအစီအစဉ်သို့ ယုံကြည်မှုပေါင်းစုံမှ လူငယ်စုစုပေါင်း ၄၄ ဦး (အမျိုးသား ၂၈ ဦးနှင့် အမျိုးသမီး ၁၆ ဦး) တို့ ပါဝင်တက်ရောက်ခဲ့ပါသည်။ ဤအစီအစဉ်ကို IYCAP စီမံကိန်းမှ ဝန်ထမ်းများဖြစ်ကြသော ကိုမျိုးလတ်အောင် (Area Coordinator) နှင့် မမေဖြိုးသူ (Assistant Area Coordinator) တို့က ဦးဆောင်၍ ပြုလုပ်ကျင်းခဲ့ပါသည်။