Religious Festival Activity – IYCAP (Bago)

Religious Festival Activity – IYCAP (Bago)
Religious Festival Activity – IYCAP (Bago)

Nov 8, 2020

Religious Festival Activity – IYCAP (Bago)

ငြိမ်းဖောင်ဒေးရှင်း၏ “ငြိမ်းချမ်ရေးတည်ဆောက်သူ လူငယ်များအား ပြုစုပျိုးထောင်ခြင်း” အစီအစဥ်၏ စီမံကိန်းတစ်ခုဖြစ်သော “ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုပေါင်းစုံမှ လူငယ်များ ပူးပေါင်းဆောင်ရွက်ခြင်း စီမံကိန်း (IYCAP)” ၏ အစီအစဥ်တစ်ခုဖြစ်သော ဘာသာတရားလေ့လာခြင်းအစီအစဥ် Religious Exposure Activities (Religious Festival Activity) အား ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၃၁) ရက် (စနေနေ့) ၌ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ IYCAP Alumni/Active Youth များ၏ နေအိမ်မှနေ၍ Zoom Application ကို အသုံးပြုကာ Online မှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့ကြပါသည်။ အစီအစဥ်အား ပဲခူးတိုင်းဒေသကြီးမှ IYCAP Alumni/Active Youth များနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ အမျိုးသား (၁၉) ဦး၊ အမျိုးသမီး (၁၁) ဦး၊ စုစုပေါင်း (၃၀) ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

နံနက်ပိုင်းအစီအစဉ်အနေဖြင့် နံနက် (၉) နာရီခွဲမှ နေ့လယ် (၁၂) နာရီခွဲအချိန်အထိ ပဲခူးမြို့၊ ကျောက်တန်းကျေးရွာ “ပန်းပျိုးလက်ဘုန်းတော်ကြီးသင် စာသင်ကျောင်း” မှ ကျောင်းအုပ်ဆရာတော်၊ ငြိမ်းဖောင်ဒေးရှင်း၏ အကြံပေးဘုတ်အဖွဲ့ဝင် တစ်ဦးလည်းဖြစ်သည့်  ဆရာတော် ဒေါက်တာ အရှင်ပညောဘာသက ဗုဒ္ဓဘာသာတရား၏ အဘိဓမ္မာ အခါတော်နေ့ရက်အကြောင်းကို ဆွေးနွေးဟောကြား ခဲ့ပါသည်။ ဟောကြားဆွေးနွေးမှုအပြီးတွင် လူငယ်များက အဘိဓမ္မာအခါတော်နေ့နှင့်စပ်လျဥ်း၍ သိရှိလိုသည့် မေးခွန်းများ မေးမြန်းခဲ့ကြပြီး ဆရာတော်က ဦးဆောင်၍ ဆွေးနွေးဖြေကြားပေးခဲ့ပါသည်။ 

ညပိုင်း ဒုတိယအပိုင်းအစီအစဉ်အား ညနေ (၆) နာရီမှ ည (၈) နာရီအထိ ယုံကြည်မှုပေါင်းစုံမှ လူငယ်များ၏ သီတင်းကျွတ်မီးထွန်းပွဲတော်တွင် ပါဝင်ခြင်း၊ ခံစားချက်များ မျှဝေခြင်း၊ ယုံကြည်မှုပေါင်းစုံလူငယ်များမှ သီတင်းကျွတ်မီးထွန်းပွဲတော်တွင် မီးထွန်းခြင်းနှင့် ယုံကြည်မှုပေါင်းစုံ ငြိမ်းချမ်းရေး အသိပညာပေးသော စာသား၊ ဓါတ်ပုံများဖြင့် ပါဝင်ခဲ့သည်။

ထို့နောက်တွင် လူငယ်များအကြား အပြန်အလှန် နားလည်မှု၊ ယုံကြည်မှုနှင့် လေးစားမှုများ တည်ဆောက်ခြင်း အစီအစဥ်များကို လုပ်ဆောင်ခဲ့ပြီးနောက် အစီအစဥ်အား ပြန်လည်သုံးသပ်ခြင်းများ ပြုလုပ်၍ သီတင်းကျွတ်ပွဲတော် (အဘိဓမ္မာနေ့ရက်) အကြောင်းလေ့လာခြင်း အစီအစဥ်ကို အောင်မြင်စွာ ဆောင်ရွက်ခဲ့ပါသည်။

အစီအစဥ်အား ကိုဗစ်-၁၉ ပြန့်ပွားနေစဥ်ကာလအတွင်း IYCAP Alumni/Active Youth များ၏ ဘာသာတရားများအကြောင်း လေ့လာနိုင်ရန်၊ အွန်လိုင်းပေါ်မှ ဘာသာရေး ပဋိပက္ခလှုံ့ဆော်မှုများကြောင့် လူငယ်များအကြား ဘာသာတရားများအပေါ် သိမြင်နားလည်မှုလွဲမှားမှုများ လျော့ကျလာစေရန်၊  ယုံကြည်မှုမတူညီသည့် လူငယ်များ သက်ဆိုင်ရာ ယုံကြည်သည့် ဘာသာတရားများအပေါ် ပိုမို၍ တန်ဖိုးထား လေးစားတတ်လာစေရန်နှင့် ဗုဒ္ဓဘာသာဝင်များ၏ သီတင်းကျွတ်ပွဲတော်နှင့် ယဥ်ကျေးမှုများအကြောင်း သိရှိနားလည်လာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် လုပ်ဆောင်ခဲ့ပါသည်။

ဤအစီအစဥ်ကို IYCAP စီမံကိန်း၏ စီမံကိန်းဝန်ထမ်းများဖြစ်ကြသော ကိုရဲလင်းထွန်း (Area Coordinator)၊ မခွါညိုသင်း (Assistant Area Coordinator)တို့က ဦးဆောင်ကျင်းပခဲ့ပါသည်။