Religious Place Visit _IYCAP (Kayin)

Religious Place Visit _IYCAP (Kayin)
Religious Place Visit _IYCAP (Kayin)

Oct 29, 2019

Religious Place Visit _IYCAP (Kayin)

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်၊ စနေနေ့တွင် ကရင်ပြည်နယ်ရှိ IYCAP Alumni များနှင့် ကွန်ရက်မိတ်ဖက်အဖွဲ့များမှ လူငယ်များပါဝင်လျက် “ဘာသာရေးနှင့် သက်ဆိုင်သော နေရာများသို့ လေ့လာရေးအစီအစဥ်”အဖြစ် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဖိုးတခေတ်ကျေးရွာသို့ သွားရောက်လေ့လာခဲ့ကြပါသည်။ ဘာသာတရားများ၏ တန်ဖိုးထားမှုများ၊ ရိုးရာယဥ်ကျေးမှုများ၊ လူနေမှုစနစ်များ၊ ဘာသာရေးနှင့် သက်ဆိုင်သောနေရာများအား လေ့လာခွင့်ရပြီး အပြန်အလှန်လေးစားမှုများ၊ တန်ဖိုးထားမှုများရရှိရန်နှင့် လူငယ်များ အတူတကွခရီးသွားခြင်းဖြင့် အတွေ့အကြုံများ၊ ဒေသန္တရ ဗဟုသုတများရရှိပြီး အချင်းချင်းရိုင်းပင်းကူညီတတ်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။

ရပ်ရွာရှိ ရပ်မိရပ်ဖများနှင့် မိတ်ဆက်ခွင့်ရရှိခဲ့ပြီး ရင်းနှီးမှုတည်ဆောက်နိုင်ခဲ့ပါသည်။ ရွာ၏ ရိုးရာယဥ်ကျေးမှုနှင့် ကိုးကွယ်ယုံကြည်မှုဆိုင်ရာများ၊ ရွာ၏ ဖွဲ့စည်းတည်ဆောက်ပုံနှင့် လူနေမှုပုံစံများကို လေ့လာခွင့်ရခဲ့သည့်အပြင် အဘဖိုးတခေတ်၏ ဘာသာရေးဝတ်ပြုရာ နေရာကိုလည်း လေ့လာခွင့် ရရှိခဲ့ကြပါသည်။ သွားရောက်လေ့လာသော လူငယ်များအား ရပ်ရွာလူကြီးများက အသိအမှတ်ပြုလက်ခံကြိုဆိုကာ သိရှိလိုသော အကြောင်းအရာများကို ရပ်ရွာနေလူကြီးများနှင့် ယုံကြည်မှုပေါင်းစုံလူငယ်များ မေးမြန်းဆွေးနွေးခဲ့ကြပါသည်။