Religious Place Visit & Fellowship

Religious Place Visit & Fellowship
Religious Place Visit & Fellowship

Oct 22, 2019

Religious Place Visit & Fellowship

ငြိမ်းဖောင်ဒေးရှင်း၏ ငြိမ်းချမ်းရေးအတွက် လူငယ်များပြုစုပျိုးထောင်ခြင်းအစီအစဉ်မှ စီမံကိန်းတစ်ခုဖြစ်သော ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုပေါင်းစုံလူငယ်များပူးပေါင်းဆောင်ရွက်ခြင်း စီမံကိန်း (IYCAP) ၏ ဘာသာရေးဆိုင်ရာနေရာများ သွားရောက်လေ့လာခြင်းနှင့် ယုံကြည်မှုပေါင်းစုံလူငယ်များ မိတ်သဟာယ အစီအစဉ်အား ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၈) ရက်နေ့မှ (၂၀) ရက်နေ့အထိ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျိုက်ထီးရိုးဘုရားနှင့် ကမ္ဘာ့အကြီးဆုံး ထိုင်တော်မူ ဘုရားများသို့ မွန်ပြည်နယ်မှ ယုံကြည်မှုပေါင်းစုံမှ လူငယ် (၂၉) ဦးတို့ သွားရောက်လေ့လာခဲ့ပါသည်။

အစီအစဉ်တွင် ကျိုက်ထီးရိုးဘုရားသမိုင်းကြောင်းအား ကိုသူရကျော်က ဦးဆောင်ရှင်းပြပေးခဲ့ပြီး  ကျိုက်ထီးရိုးဘုရားရင်ပြင်တော် သန့်ရှင်းရေးနှင့် တံမြတ်စည်းလှည်းခြင်းတို့ကို ဆောင်ရွက်ခြင်း၊ ယုံကြည်မှုပေါင်းစုံလူငယ်များအချင်းချင်း ကျဘမ်းစကားပြောပြိုင်ပွဲများ၊ ဘဝအတွေ့အကြုံဝေမျှခြင်းများနှင့် မိတ်သဟာယ အစီအစဉ်များအား ပြုလုပ်ခဲ့ပါသည်။

အဆိုပါအစီအစဉ်အား IYCAP Alumni များအချင်းချင်း ခရီးရှည်တစ်ခုအား အတူတကွ ခရီးထွက်ခြင်းဖြင့် အချင်းချင်းအကြား ရင်းနှီးဖေးမမှု၊ အပြန်အလှန်နားလည်မှု၊ တာဝန်ခံမှုဆိုင်ရာ စိတ်ဓာတ်များ တိုးပွားလာစေရန်၊ မြန်မာနိုင်ငံ၏ အထင်ကရ စေတီတစ်ခုဖြစ်သည့် ကျိုက်ထီးရိုးစေတီ၏ သမိုင်းကြောင်းများအား လေ့လာသိရှိသွားစေရန်၊ ယုံကြည်မှုပေါင်းစုံမှလူငယ်များ၏ ပူးပေါင်းလှုပ်ရှားမှုများကို ဘုရားဖူးဧည့်သည်များမှ သိရှိလာစေရန်နှင့် ယုံကြည်မှုပေါင်းစုံမှ လူငယ်များအချင်းချင်း ရင်းနှီးမှု ပိုမိုရရှိလာပြီး လူမှုရေးလုပ်ငန်းများအား ပူးပေါင်းလုပ်ကိုင်လာနိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် လုပ်ဆောင်ခဲ့ပါသည်။

အစီအစဉ်အား IYCAP စီမံကိန်းဝန်ထမ်းများဖြစ်သော ကိုဝင်းကျော်ထွေး၊ မိဇင်ဝင်းမွန်နှင့် ကိုသူရကျော်တို့က ဦးဆောင်ပြုလုပ်ခဲ့ကြပါသည်။