Saturday School (Kayin and Chin Batch-1) – Sone Yat

Saturday School (Kayin and Chin Batch-1) – Sone Yat
Saturday School (Kayin and Chin Batch-1) – Sone Yat

Oct 31, 2020

Saturday School (Kayin and Chin Batch-1) – Sone Yat

ငြိမ်းဖောင်ဒေးရှင်၏ ဆုံရပ်စီမံကိန်းက ကရင်ပြည်နယ်နှင့် ချင်းပြည်နယ်ရှိ အစိုးရရုံးဝန်ထမ်းများ၊ လွှတ်တော်ရုံးဝန်ထမ်းများ၊ အရပ်ဘက်အဖွဲ့အစည်းခေါင်းဆောင်များ၊ လူငယ်များနှင့် အမျိုးသမီးများနှင့် စာပေယဉ်ကျေးမှု အဖွဲ့အစည်းမှ ရပ်မိရပ်ဖများအတွက် စီစဉ်ပြုလုပ်သော စနေကျောင်း (ငြိမ်းချမ်းရေး တည်ဆောက်မှုဆိုင်ရာသင်တန်း) သင်တန်းအပတ်စဥ် (၁) ကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ (၁၂) ရက်မှ အောက်တိုဘာလ (၁၀) ရက်အထိ အပတ်စဉ် စနေနေ့တိုင်းတွင် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။ 

ဤသင်တန်းကို ပါဝင်တက်ရောက်သူများအနေဖြင့် ပဋိပက္ခ၏ သဘောသဘာဝအကြောင်းကို ပိုမိုနားလည်လာစေရန်၊ ပဋိပက္ခများကို ကိုင်တွယ် စီမံခန့်ခွဲမှု စွမ်းရည်မြင့်တက်စေရန်နှင့် နယ်ပယ်မတူသော လူ့အဖွဲ့အစည်းအတွင်း ငြိမ်းချမ်းရေး တည်ဆောက်ခြင်းနှင့်သက်ဆိုင်သည့် ကိစ္စရပ်များအပေါ် သဘောထားအမြင်များ တိုးတက်ပြောင်းလဲလာစေရန် စသည့် ရည်ရွယ်များဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး ငြိမ်းဖောင်ဒေးရှင်းမှ ငြိမ်းချမ်းရေးအတွေ့ကြုံရှိ ဝါရင့်ပညာရှင်များမှ ဆွေးနွေးပို့ချပေးခဲ့သည်။

သင်တန်းတွင် ၁။ ပဋိပက္ခကို ကိုင်တွယ်စီမံခြင်း (Conflict management)၊ ၂။ဆက်သွယ်ခြင်းနှင့် တက်ကြွစွာနားထောင်ခြင်း (Communication and Active Listening) ၃။ ပဋိပက္ခ ခွဲခြမ်းစိတ်ဖြာခြင်း (Conflict Analyzing Tools)၊ ၄။ စေ့စပ်ညှိနှိုင်းခြင်းနှင့် ကြားဝင်စေ့စပ်ဖြန်ဖြေခြင်း (Negotiation and Mediation)၊ ၅။ ငြိမ်းချမ်းခြင်းနှင့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်း (Peace and Peacebuilding) အစရှိသော ငြိမ်းချမ်းရေးဆိုင်ရာ ခေါင်းစဥ်ကြီး (၅) ခု ဆွေးနွေးပို့ချခဲ့ပါသည်။