Saturday School (Peacebuilding Training) Kayah Batch-1 – Sone Yat

Saturday School (Peacebuilding Training) Kayah Batch-1 – Sone Yat
Saturday School (Peacebuilding Training) Kayah Batch-1 – Sone Yat

Oct 30, 2020

Saturday School (Peacebuilding Training) Kayah Batch-1 – Sone Yat

ငြိမ်းဖောင်ဒေးရှင်း၏ ဆုံရပ်စီမံကိန်းသည် အပတ်စဉ် စနေနေ့တိုင်းတွင် “စနေကျောင်း” (ငြိမ်းချမ်းရေး တည်ဆောက်မှုဆိုင်ရာသင်တန်း) ကို အပတ်စဉ် (၁) အနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ (၂၂) ရက်မှ စက်တင်ဘာလ (၁၉) ရက်အထိ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပြီး ကယားပြည်နယ်မှ ကယားပြည်နယ် လွှတ်တော်ရုံး ဝန်ထမ်းများ၊ အရပ်ဘက်အဖွဲ့အစည်းခေါင်းဆောင်များ ပါဝင်တက်ရောက်ခဲ့ပါသည်။

အဆိုပါ စနေကျောင်းကို ငြိမ်းဖောင်ဒေးရှင်းမှ ငြိမ်းချမ်းရေးအတွေ့ကြုံရှိ ဝါရင့်ပညာရှင်များမှ ဆွေးနွေးပို့ချပေးခဲ့ပါသည်။ ၁။ သင်တန်းတွင် ပဋိပက္ခကို ကိုင်တွယ်စီမံခြင်း (Conflict management)၊ ၂။ ဆက်သွယ်ခြင်းနှင့် တက်ကြွစွာနားထောင်ခြင်း (Communication and Active Listening)၊ ၃။ ပဋိပက္ခ ခွဲခြမ်းစိတ်ဖြာခြင်း (Conflict Analyzing Tools)၊ ၄။ စေ့စပ်ညှိနှိုင်းခြင်းနှင့် ကြားဝင်စေ့စပ်ဖြန်ဖြေခြင်း (Negotiation and Mediation) နှင့် ၅။ ငြိမ်းချမ်းခြင်းနှင့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်း (Peace and Peacebuilding) အစရှိသော ငြိမ်းချမ်းရေးဆိုင်ရာ ခေါင်းစဥ်ကြီး (၅) ခုတို့ကို ဆွေးနွေးပို့ချခဲ့ပါသည်။

ထိုသင်တန်းသည် ပဋိပက္ခ၏ သဘောသဘာဝအကြောင်းကို ပိုမိုနားလည်လာစေရန်၊ ပဋိပက္ခများကို ကိုင်တွယ် စီမံခန့်ခွဲမှု စွမ်းရည်မြင့်တက်စေရန်နှင့် နယ်ပယ်မတူသော လူ့အဖွဲ့အစည်းအတွင်း ငြိမ်းချမ်းရေး တည်ဆောက်ခြင်းနှင့်သက်ဆိုင်သည့် ကိစ္စရပ်များအပေါ် သဘောထားအမြင်များ တိုးတက်ပြောင်းလဲ လာစေရန် ရည်ရွယ်ဆောင်ရွက်ခဲ့သော သင်တန်းဖြစ်ပါသည်။