Self Help Group (SHG) Orientation in Waimaw – SuN-Live

Self Help Group (SHG) Orientation in Waimaw – SuN-Live
Self Help Group (SHG) Orientation in Waimaw – SuN-Live

Oct 28, 2020

Self Help Group (SHG) Orientation in Waimaw – SuN-Live

၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၂၃) ရက်နှင့် (၂၄) ရက်တို့တွင် ငြိမ်းဖောင်ဒေးရှင်း၏ SuN-Live စီမံကိန်းက Self Help Group (SHG) Orientation အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခွင့်အလမ်းဖန်တီးပေးခြင်း၊ ပံ့ပိုးပေးခြင်းလုပ်ငန်း မိတ်ဆက်ခြင်းအစီအစဥ်ကို ဝိုင်းမော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်း (၃) ခုဖြစ်သည့် နောင်ဟီးစခန်း၊ ခတ်ချိုစခန်း၊ မိုင်းနားမူရင်းစခန်း စသည့် စခန်း (၃) ခုတို့တွင် အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပါသည်။

မိတ်ဆက်ခြင်းအစီအစဥ်တွင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ လုပ်ငန်းလုပ်ကိုင်ရန်အတွက် လုပ်ငန်းစဥ်အဆင့် (၆) ဆင့်ဖြင့် တစ်ဆင့်ပြီးတစ်ဆင့် လုပ်ဆောင် သွားမည်ဖြစ်သဖြင့် အဆင့် (၆) ဆင့်ကို အသေးစိတ်ရှင်းပြခြင်းနှင့် စခန်းအတွင်း၌ တူညီသည့် ကျေးရွာသူအဖွဲ့များ စုဖွဲ့ထားရှိကာ အသက်မွေးဝမ်းကျောင်းဆိုင်ရာ လုပ်ငန်းများကို စနစ်ကျလုပ်ဆောင်သွားရန် တင်ပြရှင်းလင်းခဲ့ပြီး လုပ်ငန်းမိတ်ဆက်ခြင်းအစီအစဉ်ကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပါသည်။