Self Help Group (SHG) Orientation in Myitkyina – SuN-Live

Self Help Group (SHG) Orientation in Myitkyina – SuN-Live
Self Help Group (SHG) Orientation in Myitkyina – SuN-Live

Oct 28, 2020

Self Help Group (SHG) Orientation in Myitkyina – SuN-Live

ငြိမ်းဖောင်ဒေးရှင်း၏ SuN-Live စီမံကိန်းမှ အသက်မွေးဝမ်းကြောင်းဆိုင်ရာ အခွင့်အလမ်းဖန်တီးပေးခြင်း၊ ပံ့ပိုးပေးခြင်း (Self Help Group-  SHG) မိတ်ဆက်ခြင်း အစီအစဥ်ကို မြစ်ကြီးနားမြို့နယ်ရှိ တပ်ကုန်းစီအိုစီ စစ်ရှောင်စခန်း၊ တပ်ကုန်းဧမာနွေလ စစ်ရှောင်စခန်း၊ မော်ဖေါင်းလော်ဝေါ် စစ်ရှောင်စခန်း၊ မော်ဖေါင်းခါနန် စစ်ရှောင်စခန်းနှင့်  သီတာအေး စစ်ရှောင်စခန်းများ၌ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၂၂) ရက်မှ အောက်တိုဘာလ (၂၄) ရက်အထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော Covid-19 ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ၃ ရက်တာ ပြုလုပ်ကျင်းပခဲ့ပါသည်။

တပ်ကုန်းစီအိုစီ စစ်ရှောင်စခန်းအတွင်း SHG Orientaion ပြုလုပ်နေစဥ်

အသက်မွေးဝမ်းကြောင်းဆိုင်ရာ အခွင့်အလမ်း ဖန်တီးပေးခြင်း၊ ပံ့ပိုးပေးခြင်း (Self Help Group-  SHG) မိတ်ဆက်ခြင်း အစီအစဥ်ကို မြစ်ကြီးနားမြို့နယ်ရှိ Tat Kone COC Camp ၌ စီမံကိန်း ဝန်ထမ်း (၂)  ဦးအပါအဝင် အမျိုးသား (၁၆) ဦး၊ အမျိုးသမီး (၁၄) ဦးနှင့် လူဦးရေ စုစုပေါင်း (၃၀) ဦးတို့ဖြင့်  အသက်မွေးကြောင်း ဆိုင်ရာ အခွင့်အလမ်းဖန်တီးပေးခြင်း၊ ပံ့ပိုးပေးခြင်း မိတ်ဆက်ခြင်း အစီအစဥ်ကို မနက်ပိုင်းတွင် အောင်မြင်စွာ ပြုလုပ်ပြီးစီးခဲ့ပြီး မွန်းလွဲပိုင်းတွင် Tat Kone Emanuel Camp ၌ စီမံကိန်း ဝန်ထမ်း (၂) ဦး အပါအဝင် အမျိုးသား (၄) ဦး၊ အမျိုးသမီး (၁၀) ဦးနှင့် လူဦးရေ စုစုပေါင်း (၁၄) ဦးတို့ဖြင့် အောင်မြင်စွာ ပြုလုပ် ပြီးစီးခဲ့ပါသည်။

တပ်ကုန်း ဧမာနွေလ စစ်ရှောင်စခန်း ရှိ ဘုရားကျောင်းအတွင်း၌ SHG Orientation ပြုလုပ်နေစဥ်

ဒုတိယမြောက်နေ့တွင် Maw Hpawng Lhaovo Baptsit Church Camp ၌ စီမံကိန်း ဝန်ထမ်း (၂) ဦး အပါအဝင် အမျိုးသား (၈) ဦး၊ အမျိုးသမီး (၁၈) ဦးနှင့် လူဦးရေ စုစုပေါင်း (၂၆)  ဦးတို့ဖြင့် အသက်မွေးဝမ်းကြောင်း ဆိုင်ရာအခွင့်အလမ်း ဖန်တီးပေးခြင်း၊ ပံ့ပိုးပေးခြင်း မိတ်ဆက်ခြင်း အစီအစဥ်ကို မနက်ပိုင်းတွင် အောင်မြင်စွာ ပြုလုပ်ပြီးစီးခဲ့ပြီး မွန်းလွဲပိုင်းတွင် Maw Hpawng Hka Nan Baptist Church Camp ၌ စီမံကိန်း ဝန်ထမ်း (၂) ဦးအပါအဝင် အမျိုးသား (၂) ဦး၊ အမျိုးသမီး (၁၆) ဦးနှင့် စုစုပေါင်း (၁၈)  ဦးတို့ပါဝင်ခြင်းဖြင့် အောင်မြင်စွာ ပြုလုပ်ပြီးစီးခဲ့ပါသည်။ 

မော်ဖောင်းလော်၀ေါ် စစ်ရှောင်စခန်းအတွင်း၌ SHG Orientation ပြုလုပ်နေစဥ်

တတိယမြောက်နေ့တွင် Shatapru Thidar Aye Baptist Camp ၌ စီမံကိန်း ဝန်ထမ်း ၂ ဦးအပါအဝင် အမျိုးသား (၁၅) ဦး၊ အမျိုးသမီး (၁၅) ဦးနှင့် စုစုပေါင်း (၃၀) ဦးဖြင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ အခွင့်အလမ်း ဖန်တီးပေးခြင်း၊ ပံ့ပိုးပေးခြင်း မိတ်ဆက်ခြင်း အစီအစဥ်ကို မနက်ပိုင်းတွင် အောင်မြင်စွာ ပြုလုပ်ပြီးစီးခဲ့ပါသည်။

မော်ဖောင်းလော်၀ေါ် စစ်ရှောင်စခန်းအတွင်း၌ SHG Orientation ပြုလုပ်နေစဥ်