Jan 26, 2021
ငြိမ်းဖောင်ဒေးရှင်း၏ စီမံကိန်းတစ်ခုဖြစ်သည့် SuN-Live စီမံကိန်း၏ လုပ်ငန်းစဉ်တစ်ခုဖြစ်သော Self Help Group – SHG (၅) ရက်တာ သင်တန်းကို ၁၈.၁.၂၀၂၁ မှ ၂၂.၁.၂၀၂၁ အထိ မြစ်ကြီးနားမြို့မှ (၁၁) မိုင်အကွာရှိ ငြိမ်းချမ်းရေးဂေဟာ (နောင်နန်း) ၌ ပြုလုပ်ခဲ့ပြီး COVID-19 နှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်၊ လမ်းညွှန်ချက်များအတိုင်း လိုက်နာကာ အောင်မြင်စွာ ပြုလုပ်ပြီးစီးခဲ့ပါသည်။
မြစ်ကြီးနားမြို့နယ်ရှိ တပ်ကုန်း CoC Camp နှင့် စီတာပူသီတာအေး Camp တို့မှ အမျိုးသား (၁၀) ဦး၊ အမျိုးသမီး (၁၄) ဦး၊ စုစုပေါင်း (၂၄) ဦးတို့အတွက် ၁၈.၁.၂၀၂၁ မှ ၂၀.၁.၂၀၂၁ ရက်အထိလည်းကောင်း၊ ဝိုင်းမော်မြို့နယ်ရှိ မိုင်းနားမူရင်း Camp မှ အမျိုးသား (၆) ဦး၊ အမျိုးသမီး (၁၈) ဦး၊ စုစုပေါင်း (၂၄) ဦးတို့အတွက် ၂၁.၁.၂၀၂၁ မှ ၂၂.၁.၂၀၂၁ အထိလည်းကောင်း သင်တန်းအား စီစဉ်ပြုလုပ်ခဲ့ပါသည်။ အဆိုပါ (၅) ရက်တာသင်တန်းကို မေတ္တာဖောင်ဒေးရှင်းမှ Consultant ဖြစ်သူ ဆရာမ ခါနန်းက ဦးဆောင်သင်ကြားပို့ချပေးခဲ့ပြီး SuN-Live စီမံကိန်းအဖွဲ့က စီစဉ်ပံ့ပိုးဆောင်ရွက်ပေးခဲ့ပါသည်။