SuN-Live Project Orientation – SuN-Live

SuN-Live Project Orientation – SuN-Live
SuN-Live Project Orientation – SuN-Live

Oct 13, 2020

SuN-Live Project Orientation – SuN-Live

SuN-Live စီမံကိန်းမှ စီမံကိန်း မိတ်ဆက်ခြင်းအစီအစဥ်ကို မြစ်ကြီးနားမြို့နယ်ရှိ တပ်ကုန်းဧမာနွေလ စစ်ရှောင်စခန်း၊ တပ်ကုန်းစီအိုစီ စစ်ရှောင်စခန်း၊ မော်ဖေါင်းလော်ဝေါ် စစ်ရှောင်စခန်းနှင့် မော်ဖေါင်းခါနန် စစ်ရှောင်စခန်းများ၌ ၂၀၂၀ ခုနှစ်၊ စက်တင်လာလ (၃၀) ရက်နှင့် အောက်တိုဘာလ (၁) ရက်တို့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ Covid-19 ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ (၂) ရက်တာ ပြုလုပ်ကျင်းပခဲ့ပါသည်။

တပ်ကုန်းဧမာနွေလ စစ်ရှောင်စခန်း ဘုရားကျောင်းဝင်းအတွင်း၌ SuN-Live စီမံကိန်းမိတ်ဆက်ခြင်းအစီအစဉ်ကို ပြုလုပ်နေစဉ်

မြစ်ကြီးနားမြို့နယ်ရှိ Tat Kone Emanuel Camp၌ စီမံကိန်းဝန်ထမ်း (၂) ဦးအပါအဝင် အမျိုးသား (၁၀) ဦး၊ အမျိုးသမီး (၁၅) ဦး၊ စုစုပေါင်း (၂၅) ဦးဖြင့် စီမံကိန်း မိတ်ဆက်ခြင်း အစီအစဥ်ကို နံနက်ပိုင်းတွင် အောင်မြင်စွာ ပြုလုပ်ပြီးစီးခဲ့ပြီး ညနေပိုင်းတွင် Tat Kone COC Camp ၌ စီမံကိန်း ဝန်ထမ်း (၂) ဦးအပါအဝင် အမျိုးသား (၁၄) ဦး ၊ အမျိုးသမီး (၁၁) ဦး၊ စုစုပေါင်း (၂၅) ဦးဖြင့် အောင်မြင်စွာ ပြုလုပ်ပြီးစီးခဲ့ပါသည်။

တပ်ကုန်းစီအိုစီ စစ်ရှောင်စခန်းအတွင်း၌ SuN-Live စီမံကိန်းမိတ်ဆက်ခြင်းအစီအစဉ်ကို ပြုလုပ်နေစဉ်

ထို့အပြင် ဒုတိယရက်တွင် Maw Hpawng Lhaovo Baptsit Church Camp ၌ စီမံကိန်းဝန်ထမ်း (၂) ဦးအပါအဝင် အမျိုးသား (၁၁)၊ အမျိုးသမီး (၁၉) ဦး၊ စုစုပေါင်း (၃၀) ဦးဖြင့် စီမံကိန်းမိတ်ဆက်ခြင်း အစီအစဥ်ကို မနက်ပိုင်းတွင် အောင်မြင်စွာ ပြုလုပ်ပြီးစီးခဲ့ပြီး ညနေပိုင်းတွင် Maw Hpawng Hka Nan Baptist Church Camp ၌ စီမံကိန်း ဝန်ထမ်း ၂ ဦး အပါအဝင် အမျိုးသား (၇) ၊ အမျိုးသမီး (၂၀) ဦး၊ စုစုပေါင်း (၂၇) ဦးတို့ ပါဝင်ခဲ့ကြပြီး  အစီအစဉ်ကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါသည်။ 

မော်ဖောင်း လော်ဝေါ် စစ်ရှောင်စခန်းအတွင်း၌ SuN-Live စီမံကိန်းမိတ်ဆက်ခြင်းအစီအစဉ်ကို ပြုလုပ်နေစဉ်