Supporting IDP Household Level Business (Livelihood) – DPP

Supporting IDP Household Level Business (Livelihood) – DPP
Supporting IDP Household Level Business (Livelihood) – DPP

Jul 30, 2020

Supporting IDP Household Level Business (Livelihood) – DPP

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၈ ရက်တွင် ငြိမ်းဖောင်ဒေးရှင်း၏ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးအစီအစဉ်(Durable Peace Program) စီမံကိန်းမှ လုပ်ငန်းစဉ်တခုဖြစ်သော အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပံ့ပိုးငွေထောက်ပံ့ခြင်းလုပ်ငန်းကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ရှိ မော်ဖောင်းလော်ဝေါ်စစ်ရှောင်စခန်းနှင့် ဝိုင်းမော်မြို့နယ်ရှိ မိုင်းနားမူရင်းစစ်ရှောင်စခန်း၊ အမှတ် (၂) လော်ဝေါ်စစ်ရှောင်စခန်း (ဇုံနယ်)နှင့် ဝိုင်းမော်အေဂျီစစ်ရှောင်စခန်းများသို့ သွားရောက်ပြုလုပ်ခဲ့ပါသည်။

အဆိုပါ လုပ်ငန်းသည် IDPs များမှ လက်ရှိအသက်မွေးဝမ်းကျောင်းဆိုင်ရာ လုပ်ငန်းများကို ပိုမိုချဲ့ထွင်လုပ်ဆောင်နိုင်ရန်အတွက် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ပြီး ယခုတစ်ကြိမ်တွင် အိမ်ထောင်စု (၁၂) စုတို့၏ ဝက်မွေးမြူခြင်း၊ လက်ယက္ကန်း၊ စက်ချုပ်၊ ကုန်စုံဆိုင်၊ ခေါက်ဆွဲဆိုင်၊ ဝက်သိုးပိုက်ခြင်း၊ ကြက်မွေးမြူခြင်းနှင့် လက်သမားလုပ်ငန်း စသည့် လုပ်ငန်းအသီးသီးတို့အတွက် ပံ့ပိုးထောက်ပံ့ခဲ့ခြင်း ဖြစ်ပါသည်။