The Ceremony of Handover Construction Certificate for 33 IDPs Households in Bamaw Township-HAP

The Ceremony of Handover Construction Certificate for 33 IDPs Households in Bamaw Township-HAP
The Ceremony of Handover Construction Certificate for 33 IDPs Households in Bamaw Township-HAP

Dec 24, 2019

The Ceremony of Handover Construction Certificate for 33 IDPs Households in Bamaw Township-HAP

ငြိမ်းဖောင်ဒေးရှင်း၏ ငြိမ်းချမ်းရေးအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့ပေးရေး (HAP – Humanitarian Assistant for Peace) စီမံကိန်းမှ ကျင်းပပြုလုပ်သော အိမ်ထောင်စု (၃၃) စုတို့၏ အိမ်သစ်တက် ကျေးဇူးတော်ချီးမွမ်းပွဲနှင့် စုပေါင်းခရစ္စမတ် ဝတ်ပြုဆုတောင်းအစီအစဉ်ကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၁) ရက်နေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ လီဆူ ယာယီတိမ်းရှောင်စခန်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစီအစဉ်တွင် တိမ်းရှောင်စခန်းမှ ငြိမ်းဖောင်ဒေးရှင်းနှင့် Myanmar Humanitarian Fund (MHF) တို့မှ ပူးပေါင်းဆောက်လုပ်ပေးထားသည့် နေအိမ်အသစ် (၃၃) လုံးသို့ ရွှေ့ပြောင်းသွားကြမည့် အိမ်ထောင်စု (၃၃) စုတို့အတွက် ဆုတောင်းခြင်းအစီအစဉ်ကို ပြုလုပ်ခဲ့ပြီးနောက် ဆောက်လုပ်ပြီးစီးပြီးဖြစ်သော နေအိမ်သစ်များနှင့်ပတ်သက်၍ လုပ်ငန်းလွှဲပြောင်းခြင်းဆိုင်ရာ လက်မှတ်ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ တိမ်းရှောင်စခန်းမှ IDP များ၊ ငြိမ်းဖောင်ဒေးရှင်းမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အိမ်ထောင်စု (၃၃) စုတို့ သွားရောက်ရွှေ့ပြောင်းနေထိုင်မည့် ကျေးရွာမှ အုပ်ချုပ်ရေးမှူးများ၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ UNHCR မှ ဝန်ထမ်းများ၊ ဘာသာရေးခေါင်းဆောင်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။