Voter Education – IYCAP

Voter Education – IYCAP
Voter Education – IYCAP

Oct 15, 2020

Voter Education – IYCAP

ငြိမ်းဖောင်ဒေးရှင်း၏ “ငြိမ်းချမ်းရေးတည်ဆောက်သူ လူငယ်များအား ပြုစုပျိုးထောင်ခြင်း” အစီအစဥ်မှ စီမံကိန်းတစ်ခုဖြစ်သော “ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုပေါင်းစုံမှ လူငယ်များ ပူးပေါင်းဆောင်ရွက်ခြင်း စီမံကိန်း (IYCAP)” သည် ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၁၄) ရက်နေ့တွင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ IYCAP IBP/HRT Alumniများ၊ Active Youth များနှင့် IYCAP စီမံကိန်း ဝန်ထမ်းများအား မဲပေးခြင်းဆိုင်ရာအသိပညာပေးခြင်း (Voter Education) အစီအစဥ်တစ်ခုအား နံနက် (၉) မှ နေ့လယ် (၁၂) အထိ Zoom Application အား အသုံးပြု၍ အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

IYCAP Alumni များဖြစ်သော ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ်ဘာသာ၊ ခရစ်ယာန်ဘာသာ များမှလူငယ် (၄) ဦးက ဦးဆောင်၍ ယုံကြည်မှုပေါင်းစုံ ဆုတောင်းခြင်းဖြင့် အစီအစဥ်အား အစပြုခဲ့ကြပါသည်။ ထို့နောက် “မေတ္တာစက်ဝိုင်း Consortium” ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် လက်ရှိ လှုပ်ရှားဆောင်ရွက်နေမှု အခြေအနေများအား ဆရာဦးမျိုးဝင်း (Smile Organization) မှ ဦးဆောင်၍ မိတ်ဆက်ဆွေးနွေးပေးခဲ့ပါသည်။

ထို့နောက် မဲပေးခြင်းဆိုင်ရာအသိပညာပေးခြင်း (Voter Education) နှင့်သက်ဆိုင်သော အကြောင်းအရာများကို ဆရာဦးဝင်းညီညီဇော် (တကောင်းနိုင်ငံရေးသုတေသနအဖွဲ့) မှ ဦးဆောင် မျှဝေပေးခဲ့ပြီး တက်ရောက်သူလူငယ်များမှ မေးမြန်းသည်များကို ပြန်လည်ဖြေကြား၍ အပြန်အလှန်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြပါသည်။ ထို့နောက် အစီအစဥ်အား ပြန်လည်သုံးသပ်ခြင်းများ လုပ်ဆောင်ပြီး အစီအစဥ်အား နေ့လယ် (၁၂) နာရီအချိန်တွင် အဆုံးသတ်ခဲ့ပါသည်။

အဆိုပါ မဲပေးခြင်းဆိုင်ရာအသိပညာပေးခြင်း အစီအစဥ်တွင် အမျိုးသား (၃၄) ဦး၊ အမျိုးသမီး (၃၀) ဦး၊ စုစုပေါင်း (၆၄) ဦးတို့ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ အစီအစဥ်အား IYCAP စီမံကိန်းဧရိယာများဖြစ်သည့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးတို့မှ IYCAP Alumni/Active Youth လူငယ်များအား ရွေးကောက်ပွဲ ဆိုင်ရာမဲပေးခြင်းနှင့်ပတ်သက်သော အသိပညာများ သိရှိသွားစေရန်နှင့်  ယုံကြည်မှုပေါင်းစုံမှ လူငယ်များအနေဖြင့် “မေတ္တာစက်ဝိုင်း Consortium” ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် လက်ရှိလှုပ်ရှားဆောင်ရွက်နေမှုအခြေအနေများအား သိရှိလာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ ယင်းအစီအစဥ်အား IYCAP စီမံကိန်းမန်နေဂျာ ဦးစိုးဇာနည်မော်က ဦးဆောင်ပြီး စီမံကိန်းဝန်ထမ်းများက ပံ့ပိုးဆောင်ရွက်ပေးခဲ့ကြပါသည်။