အမှုဆောင်ဒါရိုက်တာ၏ အမှာစကား

အမှုဆောင်ဒါရိုက်တာ၏ အမှာစကား

ငြိမ်းဖောင်ဒေးရှင်းသည် မြန်မာပြည်သူအပေါင်း တောင့်တလျက်ရှိသည့် ရေရှည်တည်တံ့၍ တရားမျှတမှုရှိသော ငြိမ်းချမ်းရေးကို တည်ဆောက်သွားရန် ကြိုးပမ်းဆောင်ရွက်နေသည့် ပြည်တွင်း အစိုးရ မဟုတ်သော အဖွဲ့အစည်းဖြစ်ပါသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ဖြစ်ထွန်းစေရေးအတွက် နိုင်ငံတော်အစိုးရက အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေသကဲ့သို့ ငြိမ်းဖောင်ဒေးရှင်းသည်လည်း မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ် တစ်လျောက်တွင် အလွှာအသီးသီး၊ ကဏ္ဍအသီးသီးမှ ပါဝင်ဆောင်ရွက်နေသူများနှင့်အတူ တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာပြည်သူပြည်သားများအနေဖြင့်လည်း တစ်ဦးနှင့် တစ်ဦး မေတ္တာထားခြင်း၊ သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ အပြုသဘောဆောင်သော နားလည်မှုရှိခြင်းတို့ဖြင့် တရားမျှတမှုရှိသော ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းများတွင် မိမိတို့ တတ်စွမ်းသည့် ကဏ္ဍအသီးသီး၌ နိုင်ငံသားကောင်း တစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်ကြလိမ့်မည်ဟု မျှော်လင့်မိပါသည်။

ငြိမ်းဖောင်ဒေးရှင်းသည်လည်း “မျှတငြိမ်းချမ်းဖို့ ဝိုင်းဝန်းဖော်ဆောင်စို့” ဟူသော ဆောင်ပုဒ်နှင့်အညီ တရားမျှမှုရှိသော ငြိမ်းချမ်းရေး ဖြစ်ထွန်းလာစေရေးအတွက် တတ်စွမ်းသည့် အခန်းကဏ္ဍမှ ဆက်လက်ပံ့ပိုးကူညီဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အယ်(လ်)ဂျာနန်
အမှုဆောင်ဒါရိုက်တာ