Celebrating Religious Festival/Christmas – IYCAP (Yangon)

Celebrating Religious Festival/Christmas – IYCAP (Yangon)
Celebrating Religious Festival/Christmas – IYCAP (Yangon)

Jan 3, 2020

Celebrating Religious Festival/Christmas – IYCAP (Yangon)

ဤအစီအစဥ်ကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၅) ရက်နေ့၌  မှော်ဘီမြို့နယ်၊ ကြက်ဖြူကန်ကျေးရွာရှိ Mercy Children’s Home တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစီအစဉ်တွင် ရန်ကုန်တိုင်းရှိ IYCAP Alumni လူငယ်များ၊ ကွန်ရက်မိတ်ဖက်အဖွဲ့အစည်းများမှ လူငယ်များ ပါဝင်ခဲ့ကြပါသည်။ 

လူငယ် တစ်ယောက်စီတိုင်း လူမှုဝန်ထမ်းသော စိတ်ဓါတ်များ ပိုမိုဖြစ်တည်လာစေနိုင်ရန်နှင့် လူငယ်များ ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် ဘာသာပေါင်းစုံငြိမ်းချမ်းရေးဖြစ်စဉ်အား လူမှုဝန်းကျင်မှ လက်ခံနိုင်စေရန်တို့ အတွက် ရည်ရွယ်သည်။

လူငယ် အင်အားနှင့် စွမ်းရည်များကို လူမှုရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရေးနှင့် ကလေးငယ်များအား မနက်စာ အဟာရနှင့် နှလုံးသား အဟာရ၊ မိတ်သဟာယ အစီအစဉ်များပြုလုပ်ပေးခြင်း၊ အလှူငွေများ လှူဒါန်းခြင်းတို့ကို ပြုလုပ်ခဲ့ကြပါသည်။ ယုံကြည်မှုပေါင်းစုံ လူငယ်များ၏ လုပ်ငန်းဆောင်တာများအား ကလေးဘဝမှာပင် သိရှိလာစေဖို့ရန် လုပ်ဆောင်ခဲ့သော အစီအစဉ်တစ်ခုဖြစ်ပါသည်။