Community Dialogue by DaD Alumni

Community Dialogue by DaD Alumni
Community Dialogue by DaD Alumni

Aug 20, 2019

Community Dialogue by DaD Alumni

ငြိမ်းဖောင်ဒေးရှင်း၊ ငြိမ်းချမ်းရေးတည်ဆောက်သည့် လူငယ်များအား ပြုစုပျိုးထောင်သည့်အစီအစဉ်၏ စီမံကိန်း တစ်ခုဖြစ်သော Dialogue among Diversity (DaD) စီမံကိန်းက ပြုလုပ်ပေးခဲ့သည့် Interfaith Peacebuilding and Dialogue Facilitation သင်တန်းကို တက်ရောက်ခဲ့သော လူငယ်များမှ အဆိုပါသင်တန်း၌ လေ့လာဆည်းပူးခဲ့သည့် အကြောင်းအရာများအား ပြန်လည်မျှဝေခြင်းအစီအစဉ်ကို မြစ်ကြီးနားမြို့ရှိ လီဆူအရပ်ဘက်လူမှုအဖွဲ့အစည်းရုံး၌ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။

Dialogue Activity by DaD Alumni

ထိုအစီအစဉ်တွင် ဘာသာရေးခေါင်းဆောင်များ၊ စာပေယဉ်ကျေးမှုခေါင်းဆောင်များနှင့် လူငယ်များအကြား စကားဝိုင်းမှတစ်ဆင့် စုံလင်ကွဲပြားသော တန်ဖိုးထားမှုများနှင့် လက်ရှိဆင့်ပွားသင်တန်းများဆောင်ရွက်နေစဉ် ကြုံတွေ့ရသော အခက်အခဲ၊ အောင်မြင်မှု အခြေအနေများကို အပြန်အလှန်ဆွေနွေးခဲ့ကြပါသည်။ ထိုအစီစဉ်သည် DaD Alumni နှင့် လီဆူအရပ်ဘက်အဖွဲ့အစည်းရုံးဝန်ထမ်းများ  (၁၄) ဦးတို့ ဆွေးနွေးမှုစကားဝိုင်းမှတစ်ဆင့် Dialogue သဘောတရားများကို သိရှိလာစေရန် ရည်ရွယ်၍ဆောင်ရွက်ခဲ့ပါသည်။