Community Dialogue – DaD

Community Dialogue – DaD
Community Dialogue – DaD

Jun 23, 2020

Community Dialogue – DaD

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၁ ရက်နေ့တွင် မိုးကောင်းမြို့နယ်၊ ပြွန်သုံးလုံးကျေးရွာ၌ ကျေးရွာရှိ ဘာသာရေးဆရာနှင့် ရပ်မိရပ်ဖများအတွက် ငြိမ်းချမ်းရေးသဘောတရားနှင့် စုံလင်ကွဲပြားခြင်းဆိုင်ရာ အပြန်အလှန်ဆွေးနွေးသော စကားဝိုင်းတစ်ခုကို ပြုလုပ်ခဲ့ပါသည်။ ထိုအစီအစဉ်ကို Dialogue among Diversity (DaD) Alumni များက ဦးဆောင်ပံ့ပိုးပေးခဲ့ပြီး စုစုပေါင်း ၆ ဦးတက်ရောက်ကာ ငြိမ်းချမ်းရေး၊ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးတည်ဆောက်ခြင်းနှင့် Interfaith Dialogue အကြောင်းအရာများအား ဆွေးနွေးခဲ့ကြပါသည်။

ယခုပြုလုပ်သော အစီအစဉ်သည် ယုံကြည်မှုပေါင်းစုံမှ လူငယ်များ၏ စွမ်းရည်မြင့်တက်စေရန်၊ ဘာသာရေးနှင့် စာပေယဉ်ကျေးမှု ခေါင်းဆောင်များနှင့် ယုံကြည်မှု ပေါင်းစုံမှ လူငယ်များ ဒေသငြိမ်းချမ်းရေး အခြေအနေအား  စကားဝိုင်းမှတစ်ဆင့် အတူတကွလေ့လာခြင်းကို အထောက်အကူပြုစေသော အလေ့အထဖြစ်လာစေရန် စသည့် ရည်ရွယ်ချက်တို့ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။