Community Interfaith Dialogue

Community Interfaith Dialogue
Community Interfaith Dialogue

Dec 24, 2019

Community Interfaith Dialogue

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၁) ရက်မှ (၂၂) ရက်နေ့အထိ ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ကြားတောရကျောင်းတိုက်တွင် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ကရင်ပြည်နယ်) နှင့် ငြိမ်းဖောင်ဒေးရှင်းတို့ မိတ်ဖက်လုပ်ငန်းစဉ်အဖြစ် ယုံကြည်မှုပေါင်းစုံ အပြန်အလှန်ဆွေးနွေးခြင်းစကားဝိုင်းကို ပြုလုပ်ခဲ့ပါသည်။

ထို ယုံကြည်မှုပေါင်းစုံ အပြန်အလှန်ဆွေးနွေးခြင်းစကားဝိုင်းတွင် ကော့ကရိတ်၊ ဖာပွန်နှင့် ဘားအံ အစရှိသော (၃) မြို့နယ်ရှိ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ ဘာသာရေးဆရာတော်များနှင့် ရပ်မိရပ်ဖ (၂၂) ဦးတို့ ပါဝင်တက်ရောက်ခဲ့ကြပြီး ငြိမ်းဖောင်ဒေးရှင်းမှ အစီအစဉ်မန်နေဂျာ ဒေါ်လွမ်ရာ က ဦးဆောင်ပံ့ပိုးပေးခဲ့ပါသည်။