Cooking Show – IYCAP (Kayin)

Cooking Show – IYCAP (Kayin)
Cooking Show – IYCAP (Kayin)

Dec 30, 2019

Cooking Show – IYCAP (Kayin)

ငြိမ်းဖောင်ဒေးရှင်း၏ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုပေါင်းစုံမှ လူငယ်များပူးပေါင်းဆောင်ရွက်ခြင်း (IYCAP) စီမံကိန်း (ကရင်ပြည်နယ်) မှ Interfaith Cooking Show အစီအစဥ်ကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၆) ရက်၊ ကြာသာပတေးနေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ် (၉) ရပ်ကွက်ရှိ ငြိမ်းဖောင်ဒေးရှင်ရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစီအစဉ်တွင် ကရင်ပြည်နယ်မှ IYCAP Alumni လူငယ်များ၊ ကွန်ရက်မိတ်ဖက်အဖွဲ့အစည်းများမှ လူငယ်များ၊ ရပ်မိရပ်ဖများနှင့် မိသားစုဝင်များ ပါဝင်ခဲ့ကြပါသည်။

ယခုကျင်းပပြုလုပ်သော အစီအစဥ်သည် လူမျိုးဘာသာမရွေးစားသုံးနိုင်သော ရိုးရာအစားအစာများကို ယုံကြည်မှုပေါင်းစုံမှ လူငယ်များ၊ မိသားစုဆွေမျိုးများနှင့်အတူတကွ ချက်ပြုတ်စားသုံးနိုင်ရန်၊ လူငယ်များမှ ယုံကြည်မှုပေါင်းစုံငြိမ်းချမ်းရေးနှင့် ပတ်သက်၍ တစ်ထောင့်တစ်နေရာမှ အတူတကွ လုပ်ဆောင်နေမှုများကို မိသားစုများမှ သိရှိနိုင်ရန်၊ လူငယ်များအချင်းချင်းသာမက မိသားစုဆွေမျိုးများနှင့် အပြန်အလှန်ရင်းနှီးမှု တည်ဆောက်နိုင်ပြီး မိတ်သဟာယဖွဲ့နိုင်ရန်၊ တက်ရောက်လာသူများမှ ရိုးရာအစားအစာများနှင့် ပတ်သက်၍ အချင်းချင်း ဖလှယ်မှု ပြုနိုင်ပြီး ယုံကြည်မှုပေါင်းစုံငြိမ်းချမ်းရေး၏ အနှစ်သာရကို ခံစားမိစေရန် စသည့်ရည်ရွယ်ချက်များဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။

ယုံကြည်မှုပေါင်းစုံ အနှစ်သာရတန်ဖိုးများကို ဖလှယ်နိုင်မည့် ဤ Cooking Show အစီအစဥ်သည် စုပေါင်း၍ အတူတကွ ချက်ပြုတ်စားသောက်ခြင်း ထက်ပိုသော ယုံကြည်မှုစုံလင်ကွဲပြားသည့် လူငယ်များသာမက မိသားစုဝင်များပါ ပူးပေါင်းပါဝင်လုပ်ဆောင်ခြင်းအားဖြင့် အပြန်အလှန် သင်ယူဖလှယ်နိုင်ရန်၊ ယုံကြည်မှုနှင့် ရင်နှီးမှုများ တည်ဆောက်နိုင်ရန် နေရာတစ်ခုကို ဖန်တီးပေးနိုင်ခဲ့ပါသည်။