Cooking Show – IYCAP (Yangon)

Cooking Show – IYCAP (Yangon)
Cooking Show – IYCAP (Yangon)

Jan 3, 2020

Cooking Show – IYCAP (Yangon)

ငြိမ်းဖောင်ဒေးရှင်း၏ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုပေါင်းစုံမှ လူငယ်များပူးပေါင်းဆောင်ရွက်ခြင်း (IYCAP) စီမံကိန်း (ရန်ကုန်) မှ Interfaith Cooking Show နှင့် Fellowship and gathering အစီအစဥ်ကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက်နေ့မှ (၂၄) ရက်နေ့တွင် မှော်ဘီမြို့နယ်၊ ကျောက်ကာကွင်းကျေးရွာရှိ၊ Family Croft ဥယျာဥ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစီအစဉ်တွင် ရန်ကုန်တိုင်းရှိ IYCAP Alumni လူငယ်များ၊ ကွန်ရက်မိတ်ဖက်အဖွဲ့အစည်းများမှ လူငယ်များနှင့် မိသားစုဝင်များ ပါဝင်ခဲ့ကြပါသည်။

ဤအစီအစဥ်သည် လူမျိုးဘာသာမရွေးစားသုံးနိုင်သော ရိုးရာအစားအစာများကို ယုံကြည်မှုပေါင်းစုံမှ လူငယ်များ၊ မိသား စု ဆွေမျိုးများနှင့်အတူတကွ ချက်ပြုတ်စားသုံးနိုင်ရန်၊ လူငယ်များမှ ယုံကြည်မှုပေါင်းစုံငြိမ်းချမ်းရေးနှင့် ပတ်သက် ၍ တစ်ထောင့်တစ်နေရာမှ အတူတကွ လုပ်ဆောင်နေမှုများကို မိသားစုများမှ သိရှိနိုင်ရန်၊ လူငယ်များအချင်းချင်းသာမက မိသားစုဆွေမျိုးများနှင့် အပြန်အလှန်ရင်းနှီးမှု တည်ဆောက်နိုင်ပြီး မိတ်သဟာယဖွဲ့နိုင်ရန်၊ တက်ရောက်လာသူများမှ ရိုးရာအစားအစာများနှင့် ပတ်သက်၍ အချင်းချင်းဖလှယ်မှု ပြုနိုင်ပြီး ယုံကြည်မှုပေါင်းစုံငြိမ်းချမ်းရေး၏ အနှစ်သာရကို ခံစားမိစေရန် စသည့်ရည်ရွယ်ချက်များဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။