Donation for Flood Victims in Mon State

Donation for Flood Victims in Mon State
Donation for Flood Victims in Mon State

Aug 21, 2019

Donation for Flood Victims in Mon State

၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၀) ရက်နေ့တွင် မွန်ပြည်နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများ၏ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်၍ ငြိမ်းဖောင်ဒေးရှင်းမှ မွန်ပြည်နယ်အစိုးရအဖွဲ့သို့ ငွေကျပ် သိန်း (၂၀) ကို သွားရောက်လှူဒါန်းခဲ့ပါသည်။

ငြိမ်းဖောင်ဒေးရှင်းကိုယ်စား ငြိမ်းဖောင်ဒေးရှင်း မွန်ပြည်နယ်ရုံးခွဲတာဝန်ခံ မင်းအောင်ထူး၊ ငြိမ်းဖောင်ဒေးရှင်း အလုပ်အမှုဆောင်ကော်မတီဝင် ဒေါ်နန်ရှန်နှင့် ဝန်ထမ်းများက မွန်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်သဘာဝဘေး စီမံခန့်ခွဲမှုကွပ်ကဲရေးရုံးသို့ သွားရောက်ပေးအပ်လှူဒါန်းရာ မွန်ပြည်နယ် အစိုးရအဖွဲ့ကိုယ်စား အစိုးရအဖွဲ့ဝင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီးဒေါက်တာမင်းကြည်ဝင်း၊ မွန်ပြည်နယ် အရအသုံးခန့်မှန်းခြေ ငွေစာရင်းရေးဆွဲရေးဦးစီးဌာန ၊ ညွှန်ကြားရေးမှူး ဦးကျော်ဇင်ဦးတို့က လက်ခံရယူခဲ့ပါသည်။