Donation & Religous Festival – IYCAP (Mon)

Donation & Religous Festival – IYCAP (Mon)
Donation & Religous Festival – IYCAP (Mon)

Dec 24, 2019

Donation & Religous Festival – IYCAP (Mon)

ငြိမ်းဖောင်ဒေးရှင်း ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုပေါင်းစုံမှ လူငယ်များပူးပေါင်းဆောင်ရွက်ခြင်း (IYCAP) စီမံကိန်း (IYCAP) မွန်ပြည်နယ်မှ ယုံကြည်မှုပေါင်းစုံ လူငယ်များသည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၁) ရက်နေ့တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးဌာန မော်လမြိုင်လူငယ်သင်တန်းကျောင်းသို့ သွားရောက်၍ သင်တန်းကျောင်းမှ လူငယ်များအတွက် လှူဒါန်းခြင်း (Donation) အစီအစဉ်နှင့် ခရစ္စမတ်ပွဲတော် (Religious Festival) အစီအစဉ်များကို  ပူးပေါင်းကျင်းပခဲ့ကြပါသည်။

အဆိုပါအစီအစဉ်ကို IYCAP Project Area Coordinator (မွန်ပြည်နယ်) နှင့် IYCAP Alumni များ ဦးဆောင်၍ ယုံကြည်မှုပေါင်းစုံလူငယ်များ စုပေါင်းလှုပ်ရှားမှုများအား လူထုမှ သိရှိသွားစေရန်၊ ယုံကြည်မှုပေါင်းစုံလူငယ်များ စုပေါင်းလှူဒါန်းမှု ပြုလုပ်ခြင်းအားဖြင့် လူငယ်များအကြား စေတနာ့ဝန်ထမ်းစိတ်များ တိုးပွားလာစေရန်နှင့် လူငယ်များ အချင်းချင်း ရင်းနှီးမှုများ ဖြစ်လာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။

အစီအစဉ်တွင် ငြိမ်းဖောင်ဒေးရှင်း (မွန်ပြည်နယ်) ရုံးခွဲတာဝန်ခံ ဦးမင်းအောင်ထူးက အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီး လူငယ်သင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာ ဦးဧရာဦးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြား၍ အစီအစဉ်ကို စတင်ခဲ့ပါသည်။ ထို့နောက် IYCAP Alumni လူငယ်များက သင်တန်းကျောင်းမှ လူငယ်များအား အလှူပစ္စည်းများ ပေးအပ်ခဲ့ကြပြီး ခရစ္စမတ်တေးသီချင်းများ ပျော်ရွှင်စွာသီဆိုခဲ့ကြပါသည်။

မွန်နှစ်ခြင်း ကျမ်းစာသင်ကျောင်း (မော်လမြိုင်မြို့) မှ ဆရာမ ဒေါ်နှင်းနှင်းမိုးအောင်က တက်ရောက်လာသော လူငယ်များအား ခရစ္စမတ်ပွဲတော်အကြောင်းအား ဝေမျှပေးခဲ့သည်။ ထို့အပြင် ခရစ်စမတ် အမှတ်တရ ဗလာမပါ ကံစမ်းမဲများဖြင့်လည်း လူငယ်များအချင်းချင်း ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြပြီးနောက် လူငယ်သင်တန်းကျောင်းမှ ငြိမ်းဖောင်ဒေးရှင်းအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့သည်။

ဆက်လက်၍ IYCAP Alumni များနှင့် လူငယ်သင်တန်းကျောင်းမှ လူငယ်များ မေတ္တာစက်ဝိုင်းသီချင်းကို အတူတကွ သီဆိုခဲ့ကြပြီး ပျော်ရွှင်စွာဖြင့် အစီအစဉ်အား ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။ ဤအစီအစဉ်တွင် IYCAP Alumni လူငယ်များ၊ သင်တန်းကျောင်းမှ လူငယ်များနှင့် ဧည့်သည်တော်များ စုစုပေါင်း (၂၃၀) ကျော် ပါဝင်ခဲ့ကြပါသည်။

See Gallery…