Donation Trip – IYCAP (Kayin)

Donation Trip – IYCAP (Kayin)
Donation Trip – IYCAP (Kayin)

Nov 26, 2019

Donation Trip – IYCAP (Kayin)

ငြိမ်းဖောင်ဒေးရှင်း၏ စီမံကိန်းတစ်ခုဖြစ်သော ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုပေါင်းစုံလူငယ်များ ပူးပေါင်းဆောင်ရွက်ခြင်း စီမံကိန်း (IYCAP Project) မှ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်နေ့၊ စနေနေ့တွင် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကွမ်ဘီကျေးရွာရှိ ရှင်အန္ဒြေမိဘမဲ့ရိပ်သာ၌ အလှူအတန်းအစီအစဥ်တစ်ခုအား လုပ်ဆောင်ခဲ့ပါသည်။

ရှင်အန္ဒြေအသင်းတော်ရှိ လူငယ်များနှင့် မိတ်သဟာရဖွဲ့နိုင်ရန်၊ ကျောင်းပညာရေးအတွက် အကူညီလိုအပ်နေသော လူငယ်များအတွက် တတ်အားသရွေ့ပါဝင်ဖြည့်ဆည်းနိုင်ရန်၊ ရှင်အန္ဒြေအသင်းတော်တွင် ပညာသင်ကြားနေသော လူငယ်များ၏ ကိုးကွယ်ယုံကြည်မှုနှင့် ပတ်သက်၍ လေ့လာမှုများ ပြုလုပ်နိုင်ရန်၊ ကိုးကွယ်ယုံကြည်မှု မတူညီသော လူငယ်များသည် ပရဟိတလုပ်ငန်းများကို အတူတကွ ပူးပေါင်းဆောင်ရွက်တတ်ပြီး မွန်မြတ်သောစိတ်ဓာတ်များ ထားရှိလာနိုင်ကြရန် စသည့် ရည်ရွယ်ချက်များဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။

အဆိုပါအစီအစဥ်တွင် ကရင်ပြည်နယ်ယုံကြည်မှုပေါင်းစုံလူငယ်များနှင့် ကွန်ရက်အဖွဲ့များမှ လူငယ်များပါဝင်၍ ရင်းနှီးမှု တည်ဆောက်ခြင်း လှုပ်ရှားမှုများလုပ်ဆောင်ခြင်း၊ ကွမ်ဘီကျေးရွာရှိ ကိုးကွယ်ယုံကြည်မှုနှင့် ပက်သက်၍ မေးမြန်းလေ့လာခြင်း၊ စာရေးကိရိယာများနှင့် အာဟာရမုန့်များ လှူဒါန်းပေးအပ်ခြင်းတို့အား လုပ်ဆောင်ခဲ့ပါသည်။