Donation Trip_IYCAP_Kayin

Donation Trip_IYCAP_Kayin
Donation Trip_IYCAP_Kayin

Aug 28, 2019

Donation Trip_IYCAP_Kayin

၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၇) ရက်နေ့၌ ကရင်ပြည်နယ်၊ ဘားအံမြို့၊ ရွေတင်းကုန်းကျေးရွာ၊ ဖားကပ်ခွင် အခြေခံပညာမူလတန်းကျောင်းတွင် လှူဒါန်းခြင်းအစီအစဉ်တစ်ခုအား ယုံကြည်မှုပေါင်းစုံလူငယ်များ သွားရောက် ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအစီအစဉ်တွင် IYCAP Alumni များ၊ ကွန်ရက်အဖွဲ့အသီးသီးမှ လူငယ်များ၊ လူမှုဝန်းကျင်မှ လူငယ်များ၊ ကျောင်းဆရာ/မ များ၊ ကျေးရွာ အုပ်ချုပ်ရေးမှုးများ ၊ ကျောင်းသားမိဘများနှင့် ရပ်မိရပ်ဖများ ပါဝင်ခဲ့ကြပါသည်။

စာကြည့်တိုက်အတွက် စာအုပ်စင်လှူဒါန်းခြင်း၊ ဖတ်စာအုပ်များ လှူဒါန်းခြင်း၊ ကလေးများအတွက် အဟာရမုန့်နှင့် အချိုရေများပေးဝေခြင်း၊ ဆံပင်ညှပ်ပေးခြင်း၊ လက်သည်းခြေသည်းညှပ်ပေးခြင်းများ ပြုလုပ်ခဲ့ပါသည်။ လှူဒါန်းခြင်းအစီအစဉ်တွင် မြို့နှင့်ဝေးသော ရွာကျောင်းမှ ကလေးသူငယ်များသည် ကျောင်းပြင်ပ ဗဟုသုတများ၊ စာပေများလေ့လာနိုင်ရန်နှင့် ဘာသာပေါင်းစုံငြိမ်းချမ်းရေးတည်ဆောက်ခြင်းဆိုင်ရာနှင့် ပတ်သက်ပြီး အသိပညာပေးနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခဲ့ပါသည်။