HRCPF Committee Handover Meeting

HRCPF Committee Handover Meeting
HRCPF Committee Handover Meeting

Jan 4, 2020

HRCPF Committee Handover Meeting

ယမန်နေ့ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၃) ရက်နေ့ မွန်းလွဲပိုင်းတွင် အရေးပေါ်ကျန်းမာရေးအန္တရာယ်နှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ စုပေါင်းရန်ပုံငွေ (HRCPF) ကော်မတီ လုပ်ငန်းလွှဲပြောင်းခြင်း အခမ်းအနားကို ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ မြေနုလမ်းရှိ ငြိမ်းဖောင်ဒေးရှင်း ရုံးချုပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနား၌ ၂၀၁၉ ခုနှစ် တစ်နှစ်တာအတွင်း ငြိမ်းဝန်ထမ်းများ၏ အရေးပေါ်ကျန်းမာရေးအန္တရာယ်နှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ကိစ္စရပ်များကို တာဝန်ယူဆောင်ရွက်ပေးခဲ့သော 2019 HRCPF ကော်မတီမှ ၂၀၂၀ ပြည့်နှစ်တွင် တာဝန်လွှဲပြောင်းလက်ခံမည့် 2020 HRCPF ကော်မတီထံသို့ လုပ်ငန်းဆိုင်ရာအချက်အလက်များ၊ လုပ်ငန်းတာဝန်ကိစ္စရပ်များကို စနစ်တကျလွှဲပြောင်းပေးအပ်ခဲ့ကြပါသည်။

၂၀၁၉ ခုနှစ်အတွင်း ငြိမ်းဝန်ထမ်းများ၏ ကျန်းမာရေးကိစ္စရပ်များအတွက် ဂရုတစိုက် ကြိုးစားအားထုတ် ဆောင်ရွက်ပေးခဲ့သော 2019 HRCPF ကော်မတီဝင်များကို ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် ၂၀၂၀ ပြည့်နှစ်တွင် တာဝန်ထမ်းဆောင်ကြမည့် 2020 HRCPF ကော်မတီဝင်များကိုလည်း လှိုက်လှဲစွာ ကြိုဆိုပါသည်။