Interfaith Peacebuilding Multiplier Training – IYCAP (Mon)

Interfaith Peacebuilding Multiplier Training – IYCAP (Mon)
Interfaith Peacebuilding Multiplier Training – IYCAP (Mon)

Dec 30, 2019

Interfaith Peacebuilding Multiplier Training – IYCAP (Mon)

ငြိမ်းဖောင်ဒေးရှင်း၏ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုပေါင်းစုံမှ လူငယ်များပူးပေါင်းဆောင်ရွက်ခြင်း (IYCAP) စီမံကိန်းမှ ယုံကြည်မှုပေါင်းစုံ ငြိမ်းချမ်းရေးဆိုင်ရာ အသိပညာပေးအမြင်ဖွင့် ဆင့်ပွားသင်တန်းကို မွန်ပြည်နယ်၊ ကျိုက်မရောမြို့အတွင်းရှိ ရွှေပြည်ခန်းမ၌ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၇) ရက်နေ့မှ (၂၉) ရက်နေ့ အထိ (၃) ရက်တာ ကျင်းပပြုလုပ်ခဲ့ပါသည်။

သင်တန်းတွင် မွန်ပြည်နယ်အတွင်းရှိ ချောင်းဆုံမြို့နယ်၊ မော်လမြိုင်မြို့နယ်၊ ပေါင်မြို့နယ်၊ သထုံမြို့နယ်၊ ရေးမြို့နယ်နှင့် ကျိုက်မရောမြို့နယ် အစရှိသည့် စုစုပေါင်း (၆) မြို့နယ်မှ  ယုံကြည်မှုပေါင်းစုံ လူငယ် (၂၃) ဦးတို့ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

မွန်ပြည်နယ်အတွင်းရှိ ယုံကြည်မှုပေါင်းစုံလူငယ်များသည်ယုံကြည်မှုပေါင်းစုံငြိမ်းချမ်းရေးနှင့် ပတ်သက်သော အသိပညာများကို သိရှိသွားစေရန်၊ ယုံကြည်မှုပေါင်းစုံလူငယ်များ အချင်းချင်းရင်းနှီးမှုရရှိပြီး ဘာသာတရားအကြောင်းများကို အချင်းချင်းဆွေးနွေးဖလှယ်နိုင်မှုများရရှိစေပြီး အချင်းချင်းအကြား ယုံကြည်မှု ပိုမိုတည်ဆောက်လာနိုင်စေရန်နှင့် ယုံကြည်မှုပေါင်းစုံ လူငယ်များသည် ငြိမ်းချမ်းရေးအသိပညာများအား သိရှိသွားပြီးနောက် ယုံကြည်မှုပေါင်းစုံငြိမ်းချမ်းရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်လာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် အဆိုပါသင်တန်းကို ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။

သင်ခန်းစာများအဖြစ် ဘာသာတရားနှင့် ယုံကြည်မှု၊ ပဋိပက္ခကိုင်တွယ်ဖြေရှင်းခြင်းနှင့် ယုံကြည်မှုပေါင်းစုံ ငြိမ်းချမ်းရေးတည်ဆောက်ခြင်း စသည်တို့အား သင်ကြားပေးခဲ့သည်။ သင်တန်းကို ယုံကြည်မှုပေါင်းစုံ ငြိမ်းချမ်းရေးတည်ဆောက်ရေး ဆရာဖြစ် သင်တန်းဆင်း လူငယ်များဖြစ်သော ကိုသီဟ၊ မိဇင်ဝင်းမွန်နှင့် ကိုစိုးသက်ပိုင်တို့က ဦးဆောင်သင်ကြား ပို့ချခဲ့ပါသည်။