Interfaith Youth Forum (Bago) _IYCAP

Interfaith Youth Forum (Bago) _IYCAP
Interfaith Youth Forum (Bago) _IYCAP

Nov 13, 2019

Interfaith Youth Forum (Bago) _IYCAP

ငြိမ်းဖောင်ဒေးရှင်း၏ စီမံကိန်းတစ်ခုဖြစ်သည့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုပေါင်းစုံလူငယ်များ ပူးပေါင်း ဆောင်ရွက်ခြင်းစီမံကိန်း (IYCAP Project) မှ ပြုလုပ်ကျင်းပသည့် ပြည်နယ်/တိုင်းဒေသကြီးအဆင့် ယုံကြည်မှုပေါင်းစုံမှ လူငယ်များ ငြိမ်းချမ်းရေးဖိုရမ် (Annual Interfaith Youth Forum) တစ်ရပ်အား ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ၊ (၁၂) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့သစ်၊ ဥဿာကျော်ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဖိုရမ်အစီအစဥ်တွင် ပဲခူးတိုင်းဒေသကြီး သာသနာရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပဲခူးတိုင်းဒေသကြီး ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပဲခူးမြို့နယ်၊ ပဲခူးခရိုင်၊ သာယာဝတီခရိုင်၊ တောင်ငူခရိုင်၊ ပြည်ခရိုင် စသည့်မြို့နယ်/ခရိုင်အသီးသီးမှ အရပ်ဘက်လူမှုအသင်းအဖွဲ့များမှ စုစုပေါင်း တက်ရောက်သူ ဦးရေ (၁၃၇) တက်ရောက်ခဲ့ကြပါသည်။