Interfaith Youth Peace Forum in Kayin State

Interfaith Youth Peace Forum in Kayin State
Interfaith Youth Peace Forum in Kayin State

Jun 26 2019

Interfaith Youth Peace Forum in Kayin State

ငြိမ်းဖောင်ဒေးရှင်းနှင့် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ကရင်ပြည်နယ်) ပူးပေါင်းကျင်းပသော ယုံကြည်မှုပေါင်းစုံမှ လူငယ်များ ငြိမ်းချမ်းရေးဖိုရမ် (ပထမအကြိမ်) ကို ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၆) ရက်တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ တော်ဝင်ရတနာဟိုတယ်၌ ပြုလုပ်ခဲ့ပါသည်။ ဖိုရမ်တွင် ကရင်ရိုးရာယဉ်ကျေးမှုအကအဖွဲ့နှင့် ပအို့ဝ် ရိုးရာယဉ်ကျေးမှု အကအဖွဲ့များမှ မေတ္တာဖြင့်ပါဝင်ကာ တိုင်းရင်းသား ရိုးရာအကဖြင့် ဖျော်ဖြေခဲ့ပါသည်။ ငြိမ်းဖောင်ဒေးရှင်းမှ ဒေါ်ဇက်နန်ရော်၊ ဒါရိုက်တာ (မူဝါဒနှင့် မဟာဗျူဟာ) က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါသည်။ ဖိုရမ်သို့ လူမှုဝန်ထမ်းဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဇော်မင်း တက်ရောက်ချီးမြှင့်၍ အမှာစကားပြောကြားပေးခဲ့ပြီး ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေး အဖွဲ့ (ကရင်ပြည်နယ်) မှ ဥက္ကဋ္ဌ ဦးမြတ်စိုးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။

Interfaith Youth Peace Forum
Interfaith Youth Peace Forum in Kayin State

“မေတ္တာတရားနှင့်ငြိမ်းချမ်းရေး” ဆိုင်ရာအကြောင်းအရာအား သုမေဓါရာမ ကျောင်းတိုက်မှ ဆရာတော် အရှင်စဋ္ဌါဝရ၊ “အလင်းဥယျာဉ်” ပရဟိတဖောင်ဒေးရှင်းမှ ဥက္ကဋ္ဌ အလ်ဟာဂျ် မောင်လာနာ ရှိုအိုက်ဖ် (ခ) ဦးအောင်မြင့်၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ကရင်ပြည်နယ်)မှ ဒု ဥက္ကဋ္ဌ သိက္ခာတော်ရဆရာကြီး စောဗွေးဒိုနှင့် ဆရီ ဦးတင်လှိုင် တို့က အသီးသီးဟောကြားခဲ့ပါသည်။ ထို့နောက် “ယုံကြည်မှုပေါင်းစုံနှင့် ငြိမ်းချမ်းရေး”အကြောင်းအား စိုင်းထွန်းထွန်းဦး (ယုဒသန်နှစ်ခြင်း အသင်းတော်) က ဆွေးနွေးဟောကြားခဲ့ပါသည်။

Interfaith Youth Peace Forum
Interfaith Youth Peace Forum in Kayin State

ယနေ့ကျင်းပပြုလုပ်သော ဖိုရမ်သို့ ကရင်ပြည်နယ်ရှိ မြို့နယ် ၁၀ မြို့နယ် (ဘားအံ၊ လှိုင်းဘွဲ့၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ သံတောင်ကြီး၊ ကျုံဒိုး၊ ကမမောင်း၊ ဖာပွန်၊ မြဝတီ နှင့် ဘုရားသုံးဆူ) မှ တက်ရောက်သူ စုစုပေါင်း ၁၅၅ ဦးတက်ရောက်ခဲ့ပါသည်။ အစီအစဉ်ကို ငြိမ်းချမ်းပြီးသဟဇာတဖြစ်သော လူမှုအသိုင်းအဝန်းတစ်ခုတည်ဆောက်ရာတွင် မေတ္တာတရားနှင့် ငြိမ်းချမ်းခြင်းဆက်စပ်မှုတို့ကို ပိုမိုသိရှိကာ တစ်ဦးချင်းစီ၏ အခန်းကဏ္ဍကို သိရှိပြီး ပါဝင်လာစေရန်အတွက် ရည်ရွယ်ဆောင်ရွက်ခဲ့ပါသည်။