International Youth Day (Kayin)

International Youth Day (Kayin)
International Youth Day (Kayin)

Aug 21, 2019

International Youth Day (Kayin)

ကရင်ပြည်နယ် လူငယ်ရေးရာကော်မတီက ကြီးမှူးကျင်းပသည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၇)ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ဇွဲကပင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး ငြိမ်းဖောင်ဒေးရှင်းမှ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုပေါင်းစုံ လူငယ်များလည်း ပါဝင်ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။

အဆိုပါ အခမ်းအနားသို့ ကရင်ပြည်နယ် ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီး ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်နယ်အခြေစိုက် နိုင်ငံတကာအလှူရှင်အဖွဲ့အစည်းများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ တက်ရောက်အားပေးခဲ့ကြပါသည်။ 

International Youth Day in Kayin State, August 17, 2019
International Youth Day in Kayin State, August 17, 2019

အခမ်းအနားအား

(၁) အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အား အခမ်းအနားဖြင့် ဂုဏ်ပြုရန်၊

(၂) ယခုနှစ် ချမှတ်ထားသော ဆောင်ပုဒ်နှင့်အညီ တိုးတက်ပြောင်းလဲနေသော ပညာရေးစနစ်အပေါ် လူငယ်များအနေဖြင့် တန်းတူပါဝင်နိုင်ရေး၊ သာတူညီမျှမှုရှိရေး၊ လူငယ်များအားလုံး အကျုံးဝင်နိုင်ရေးနှင့် ပါဝင်နိုင်ရေးကို လူငယ်များက ကိုယ်တိုင်ကိုယ်ကျ အားထုတ်လုပ်ဆောင်သွားရန်အတွက် အားပေးလှုံ့ဆော်ရန်၊

(၃) မြို့နယ် (၇) မြို့နယ်မှ လူငယ်အစုအဖွဲ့များ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန် စသည်တို့ကို ရည်ရွယ်လျက် ကျင်းပပြုလုပ်ခဲ့ပါသည်။

International Youth Day in Kayin State, August 17, 2019
International Youth Day in Kayin State, August 17, 2019

အခမ်းအနားတွင် ဖိတ်ကြားထားသည့် သက်ဆိုင်ရာပညာရှင်များ၏ ဟောပြောဆွေးနွေးမှုများ၊  ပြည်နယ်အတွင်းရှိ အောင်မြင်ထင်ရှားသော လူငယ်လုပ်ငန်းရှင်များ၏ လူငယ်နှင့် စွန့်ဦးတီထွင်မှု စကားဝိုင်းများနှင့်အတူ လူငယ်များ၏ စွမ်းဆောင်ရည်ပြပွဲ (Talent Show) များ၊ လူငယ်ရေးရာ ပြခန်းများ စသည့် အခင်းအကျင်းများ ပါဝင်ခဲ့ပါသည်။

ယခုအခမ်းအနားသို့ လူငယ်အစုအဖွဲ့များအနေဖြင့် လူငယ်ရေးရာကော်မတီ အပါအဝင် မြို့နယ် (၇)မြို့နယ်မှ လူငယ်အစုအဖွဲ့များ၊ ကျောင်းသားသမဂ္ဂ အပါအဝင် တက္ကသိုလ် (၃)ခုမှ ကျောင်းသားလူငယ်များ၊ ပုဂ္ဂလိကပညာရေးစင်တာမှ လူငယ်များ၊ ဘာသာရေးအခြေပြု လူငယ်အစုအဖွဲ့များ၊ တစ်သီးပုဂ္ဂလအနေဖြင့် တက်ရောက်သော လူငယ်များ စသည်အားဖြင့် လူငယ်များ (၈၀၀)ကျော် ပါဝင်တက်ရောက်ခဲ့ပြီး ငြိမ်းဖောင်ဒေးရှင်းမှ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုပေါင်းစုံ လူငယ်များသည်လည်း ပါဝင်ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။