International Youth Day_IYCAP_Yangon

International Youth Day_IYCAP_Yangon
International Youth Day_IYCAP_Yangon

Aug 23, 2019

International Youth Day_IYCAP_Yangon

၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်ခဲ့သော အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ (International Youth Day) ကို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်လူငယ်ရေးရာကော်မတီ (Yangon Youth Affairs Committee) မှ ကြီးမှူးကျင်းပသော အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အစီအစဉ်တွင် ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ IYCAP Alumni များ ပူးပေါင်းပါဝင်ခဲ့ကြပါသည်။  အဆိုပါ အစီအစဉ်ကို ရန်ကုန်တက္ကသိုလ်အတွင်းရှိ ဝိဇ္ဇာခန်းမ၌ သြဂုတ်လ (၁၀) ရက်နေ့နှင့် (၁၁) ရက်နေ့တို့တွင် ကျင်းပခဲ့ပါသည်။

ဤအစီအစဉ်တွင် ငြိမ်းဖောင်ဒေးရှင်း၊  IYCAP စီမံကိန်း၏  ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ လူငယ်အယောက် (၃၀) ခန့်ပါဝင်ကာ စီမံကိန်းအကြောင်းများကို အခမ်းအနားအတွင်း လှည့်လည်ကြည့်ရှုသူများအား ရှင်းပြခြင်း၊ ဉာဏ်စမ်းမေးခွန်းများမေးခြင်း၊ လက်ကမ်းစာစောင်များဝေမျှခြင်း၊ မေတ္တာလက်ဆောင် ပစ္စည်းများပေးခြင်း စသည်တို့ဖြင့်  တက်ကြွစွာ ပါဝင်ဆင်နွဲခဲ့ကြပါသည်။

International Youth Day in Yangon
International Youth Day in Yangon
International Youth Day in Yangon
International Youth Day in Yangon
International Youth Day in Yangon
International Youth Day in Yangon