IYCAP Project Donation Trip

IYCAP Project Donation Trip
IYCAP Project Donation Trip

Jun 19 2019

IYCAP Project Donation Trip

IYCAP စီမံကိန်းက ဦးဆောင်၍ လှူဒါန်းမှုအစီအစဉ်တစ်ခုကို ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်ရှိ ဝိဇယမင်္ဂလာပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတိုက်တွင် ၂၀၁၉ ခုနှစ်၊ ဇွန်လ (၈) ရက်နေ့တွင် ပြုလုပ်ခဲ့ကြပါသည်။ လှူဒါန်းမှု အစီအစဉ်တွင် IYCAP စီမံကိန်းဝန်ထမ်းများ၊ IYCAP Alumni များအပြင် “အနာဂတ်၏ ဖေးမလက်များ ပရဟိတအသင်း” မှ လူငယ်များနှင့် ပရဟိတလုပ်ငန်းများကို စိတ်ဝင်စားသည့် လူငယ်များသည်လည်း မိတ်သဟာယအနေဖြင့် ပါဝင်ခဲ့ကြပါသည်။

IYCAP Project Donation Trip
IYCAP Project Donation Trip

လှူဒါန်းမှုတွင် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများကို ရေစက်ချလှူဒါန်းခဲ့ပြီး၊ ကျောင်းသား၊ ကျောင်းသူလေးများအတွက် ဆန်၊ အဝတ်အထည်၊ စားသောက်ဖွယ်ရာများကို လှူဒါန်းခဲ့ကြပါသည်။ ထို့အပြင် ကျောင်းသားလူငယ်လေးများနှင့်အတူ သီချင်းသီဆိုခြင်း၊ အကသင်ကြားပေးခြင်းနှင့် အတူတကွ ဂိမ်းကစားခြင်းများကို ပျော်ရွှင်စွာ ပြုလုပ်ခဲ့ကြပါသည်။

IYCAP Project Donation Trip
IYCAP Project Donation Trip

အဆိုပါ လှူဒါန်းမှုအစီအစဉ်ကို IYCAP စီမံကိန်းနယ်မြေများဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် သုံးလပတ် လုပ်ငန်းအစီအစဉ်တိုင်းတွင် ပုံမှန်ပြုလုပ်ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ခြင်းသည် ယုံကြည်မှုပေါင်းစုံမှ အစီအစဉ်၌ ပါဝင်ကြသည့် လူငယ်အယောက်စီတိုင်းတွင် လူမှုဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင် ပရဟိတစိတ်ဓါတ်ဖြင့် ပူးပေါင်းပါဝင်လုပ်ဆောင်နိုင်သည့် အခွင့်အလမ်းတစ်ခုကို ဖန်တီးပေးခြင်းဖြစ်ပြီး လူငယ်များ ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် ယုံကြည်မှုပေါင်းစုံငြိမ်းချမ်းရေး ဖြစ်စဉ်အား လူမှုဝန်းကျင်မှ လက်ခံနိုင်စေရန်တို့အတွက် ရည်ရွယ်ဆောင်ရွက်ခဲ့ပါသည်။

IYCAP Project Donation Trip
IYCAP Project Donation Trip
IYCAP Project Donation Trip
IYCAP Project Donation Trip
IYCAP Project Donation Trip
IYCAP Project Donation Trip