IYCAP Project Orientation

IYCAP Project Orientation
IYCAP Project Orientation

Feb 13, 2020

IYCAP Project Orientation

“ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုပေါင်းစုံလူငယ်များ ပူးပေါင်းဆောင်ရွက်ခြင်း (IYCAP) စီမံကိန်း” ၏ စီမံကိန်းမိတ်ဆက်ခြင်းအစီအစဉ်ကို ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်ရှိ ငြိမ်းဖောင်ဒေးရှင်း ရုံးချုပ်၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၃) ရက်မှ (၆) ရက်နေ့အထိ (၄) ရက်တာ ပြုလုပ်ခဲ့ပါသော ထိုအစီအစဉ်တွင် စီမံကိန်းမိတ်ဆက်ခြင်းနှင့် ငြိမ်းဖောင်ဒေးရှင်းမှ ချမှတ်ထားသော မူဝါဒနှင့် လမ်းညွှန်ချက်များအား ဝန်ထမ်းများ သိရှိလိုက်နာနိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်းပြောကြားပေးခဲ့ကြပါသည်။

ထို့အပြင် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၆) ရက်နေ့၊ မွန်းလွဲ ၂ နာရီမှ ၄ နာရီအထိ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို) ရုံးသို့ သွားရောက်ကာ ငြိမ်းဖောင်ဒေးရှင်းမှ ဆောင်ရွက်နေသော “ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုပေါင်းစုံလူငယ်များ ပူးပေါင်းဆောင်ရွက်ခြင်း (IYCAP) စီမံကိန်း” အကြောင်းကို မိတ်ဆက်ခဲ့ပြီး၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) နှင့် ငြိမ်းဖောင်ဒေးရှင်းတို့ ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေး တစ်ရပ်ကို ကျင်းပခဲ့ပါသည်။

ယင်းညှိနှိုင်းအစည်းအဝေးတွင် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ ဥက္ကဋ္ဌ ဦးသောင်းထိုက်နှင့် တာဝန်ရှိလူကြီးမင်းများ၊ ငြိမ်းဖောင်ဒေးရှင်းမှ အမှုဆောင်ဒါရိုက်တာ ဒေါ်အယ်(လ်)ဂျာနန်၊ ဒါရိုက်တာ (မူဝါဒနှင့် မဟာဗျူဟာ) ဒေါ်ဇက်နန်ရော်တို့နှင့်အတူ အစီအစဉ်နှင့် စီမံကိန်းမှ ဝန်ထမ်းများ ပါဝင်တက်ရောက်ခဲ့ပါသည်။