Merry Christmas – Myitkyina Main Office

Merry Christmas – Myitkyina Main Office
Merry Christmas – Myitkyina Main Office

Dec 19, 2019

Merry Christmas – Myitkyina Main Office

၂၀၁၉ ခုနှစ် ငြိမ်းဖောင်ဒေးရှင်း ပင်မရုံးဝန်ထမ်းမိသားစု ခရစ္စမတ်ဆုတောင်း အစီအစဉ်ကို ၁၈.၁၂.၂၀၁၉ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ငြိမ်းဖောင်ဒေးရှင်း ပင်မရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားအစီအစဉ်အရ သဘာပတိ ဦးဝဂျေထိန်နန် က ကျမ်းချပ်ဖတ်ကြားပြီး အဖွင့်ဆုတောင်းနှင့် ဆုတောင်းအစီအစဉ်စတင်ခဲ့ပါသည်။ ဆက်လက်ပြီး ငြိမ်းဖောင်ဒေးရှင်း ကချင်ပြည်နယ်အကြံပေးအဖွဲ့ ဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာဦးဇော်ရှန်က ဒေသနာတော်ဟောကြားခြင်းနှင့် ဝန်ထမ်းများအားလုံးအတွက် ပြည့်စုံဆုတောင်းပေးခဲ့ပါသည်။

ထို့နောက် ဝန်ထမ်းမိသားစုဝင်များ စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကြပြီး ပင်မရုံးမှ ဝန်ထမ်းများကို ခရစ္စမတ်လက်ဆောင်ပေးဝေခြင်းနှင့် ဝန်ထမ်းအချင်းချင်း ခရစ္စမတ်လက်ဆောင်လဲလှယ်ခြင်းတို့ကို ပြုလုပ်ခဲ့ပြပါသည်။

See Gallery . . .